~ ဖွဲ့နှောင်ရစ်သည် ~ အခန်း (၈)
ဟော်တယ်က မထွက်မှီအထိ သန့် ထိဖို့ ကိုင်ဖို့ လုပ်လိုက်တိုင်း ခင်မင်း ရှောင်ပစ်သည်။ စကားအပိုပင် အပြောမခံတော့။
လေယာဥ်ပေါ်တွင် သန့်က ခင်မင်းလက်ကလေးကို ဆုပ်ကိုင်ထားသည်။ ခင်မင်း ကြိတ်ရုန်းသော်လည်း မလွှတ်ပေးသဖြင့် လေယာဥ်ပြတင်းဘက်ကိုချည်း တစ်ချိန်လုံး မျက်နှာလှည့်၍ လိုက်လာခဲ့သည်။
လေယာဥ်မယ်က ကော်ဖီနဲ့မုန့်လာပေးသည်ကိုလည်း ခင်မင်းမကြည့်။သန့်ကပဲ အဆင်ပြေအောင် ပြောလိုက်သည်။ ကြည်ဖြူ၍မဟုတ်ပဲ အခြေအနေမပေးသော ကြောင့် သန့် လက်ကိုင်ထားတာကို ခရီးတစ်လျှောက်လုံး ခင်မင်း ငြိမ်ခံလာခဲ့ရ ရှာသည်။ သနားလည်း သနားစရာပင်။
ရန်ကုန်ပြန်ရောက်တော့ အိမ်ကို တန်းသွားလိုက်သောအခါ မထင်မှတ်ထားသည့် လူကို သန့်တွေ့လိုက်ရသည်။
"ကိုကြီး"
"လာပါဦး သန့်လေး ငါ့ညီမလေး"
လက်ကမ်းကာဆိုလာသော ကောင်းမြတ်အနား သန့်သွားလိုက်စဥ် သန့်ပုခုံးကို ကောင်းမြတ် ဖက်ထားလိုက်သည်။
"နောက်တစ်လလောက်မှ ပြန်လာမယ်ဆို"
"ဟုတ်တယ်၊စိတ်ပြောင်းသွားလို့"
"ကိုကြီး မျက်နှာ နည်းနည်း ချောင်နေသလိုပဲ""ငါ့ညီမလေးကို လွမ်းလို့လေ"
"အမယ်မယ် ဟုတ်ပါပြီ၊ခုက အပြီးပြန်လာပြီလား၊ပစ္စည်းတွေရော"
"ပစ္စည်းတွေလည်း လိုအပ်သလောက်ပဲ ပြန်ယူခဲ့တယ်။သန့်လေး ရဲ့အရေးကြီးဆုံး တစ်ခုက မယူခဲ့သေးဘူး။ဒီမှာ အိမ်ကို အခန်းတွေ သေချာပြန်ဖွဲ့မပြီးသေးလို့။ အလုပ်ကိစ္စတွေရော အားလုံးအပြီးသတ်ဖို့ တစ်ခေါက်လောက်တော့ ပြန်သွားရ ဦးမယ်ထင်တယ်။ ကိုကြီးမှာ သန့်အတွက် suprise ပါသေးတယ်"
"ဘာလဲ"
ထိုစဥ် တစ်နေရာမှ မိန်းကလေးတစ်ယောက် ထွက်လာသည်။
"သန့်"
"ဟင် မေမီမွန်းခြယ်"
"ဟုတ်ပါ့ အဟင်းဟင်း"
YOU ARE READING
ဖွဲ့နှောင်ရစ်သည် [ Complete ]
General Fictionခရမ်းရောင်ဟာ အာရှတိုက်ရဲ့ မဟာအဆန်ဆုံးအရောင်တစ်ရောင်တဲ့။ခရမ်းရောင် မိဖုရားကတော့ကိုယ့်တစ်ဘဝလုံးအတွက် မဟာအဆန်ဆုံး ပိုင်စိုးသူပေါ့ ဒေါ်ခင်မင်းရှိန်။