အခန်း (၇)

11.7K 562 21
                                    


မိုးလင်းတဲ့အထိ သန့် ခင်မင်းကို ဖက်ထားပြီး အိပ်ပျော်ခဲ့သည်။ခင်မင်း အိပ်ယာထချင်ပေမယ့် ပုံစံမပြောင်းရဲသေးပေ။တအောင့်ကြာတော့မှ သူမကိုပွေ့ထားသည့် သန့်လက်ကို အသာလေး ကိုင်ပြီးဖယ်ကြည့်လိုက်သည်။ထို့နောက် လှဲအိပ်နေရာမှ ထလိုက်တော့

"အို အမေ့"

ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိသော သန့်က ခင်မင်းကိုယ်လုံးလေးကို အိပ်ယာပေါ်သို့ ပြန်ဆွဲချလိုက်သည်။ခင်မင်း ကြည့်လိုက်တော့ သန့် မျက်လုံးများမှာ မဖွင့်သေး။သန့် ခင်မင်း၏ ဆံပင်ရှည်တွေကို ယူကာ သူမမျက်နှာပေါ် ဖုံး၍ ရှိုက်မွှေးနေသည်။တစ်စုံတစ်ယောက်ကို ဘေးမှာထားပြီး နိုးထရသည့်မနက်ခင်းကို သန့် ပထမဆုံးပိုင်ဆိုင်ဖူးခြင်းပင်​။မနက်နိုးနိုးခြင်း မည်သည့် စိတ်ခံစားချက်မျှမဝင်ရောက်သေးသော မျက်နှာကြည်ကြည်လေးကို ခိုးကြည့်၍မဝ။

"ဆံပင်တွေ မလုပ်နဲ့ ပြန်ပေး။ ကျွန်မ ထတော့မလို့"

"မပေးချင်သေးဘူး"

သန့်က ခင်မင်းဆံနွယ်တွေကို သူမမျက်နှာပေါ် တင်ကာ လေနဲ့မှုတ်လိုက်ပြီး ပြန်ကျလာတဲ့အခါ နမ်းလိုက် ဆော့လိုက်လုပ်နေဆဲပင်။

"ပြန်ပေးပါဆို"

"လိုချင်ရင် ဒီကို"

သန့် သူမရဲ့ပါးလေးကို လက်ညိုးနဲ့ထောက်ပြလိုက်သဖြင့် ခင်မင်းက

"ရမယ် အားကြီးကြီး"

ဟုဆိုကာ အိပ်ယာပေါ်ထထိုင်၍ ဆံနွယ်ရှည်တွေကို လက်လေးနဲ့သိမ်းပွေ့ယူလိုက်ပြီး ညာဘက်ရင်ဘတ်ရှေ့တွင်ထားလိုက်သည်။ထထွက်သွားသော ခင်မင်းကို သန့်က အိပ်ယာပေါ်မှ လက်ထောက်ကာ ​ကြည့်၍ပြုံးနေသည်။ယဥ်လိုက်သည့်အလှမျိုး။

ဒီနေ့လည်း Breakfast စားပြီးကတည်းက လုပ်ငန်းခွင်သို့သွားခဲ့ကြရကာ ညနေစောင်းမှပင် ဟိုတယ် ပြန်ရောက်သည်။အနည်းငယ် ပင်ပန်းကြရသဖြင့် အထွေအထူး မလည်ပတ်ဖြစ်ခဲ့။ညစာ မစားခင် တစ်နေရာသွားလည်မလားဟု ခင်မင်းကို သန့် မေးသေးသည်။ခင်မင်းက နားချင်သည်ဆို၍ အပြင်မထွက်ဖြစ်ကြတော့။

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now