Ep - 3

1.6K 196 25
                                    

သူဟာ ဘွဲ့တွေဂုဏ်တွေ တစ်သီကြီးနဲ့ အထူးကုဆရာဝန်...။
အရည်အသွေးတွေအပြင် အရည်အချင်းတွေပါ ပြည့်ဝနေကာ မာနတွေအမြဲလွှင့်ထူထားတတ်တဲ့ ထည်ထည်ဝါဝါ အမျိုးကောင်းသား...။

ကျွမ်းကျင်ရာ ဝါသနာပါရာ ဆေးလောကနယ်ပယ်ထဲ လူတွေရဲ့အသက်ပေါင်းများစွာကို ကယ်တင်နေသူဟာ ကလေကဝ အရိုင်းအစိုင်း ခိုးဆိုးလုယက်နေတဲ့ မကောင်ဆိုးဝါးလိုကောင်ရဲ့ နှုတ်ခမ်းတွေအောက်မှာ ဖရိုဖရဲဖျက်စီးခံလိုက်ရတာ လုံးဝမတန်မရာနဲ့ ရစရာမရှိအောင် ရုတ်ပျက်ဆင်းပျက်မို့ ကိုယ့်ကိုကိုယ်တောင် ပြန်မကြည့်ချင်လောက်အောင် မုန်းနေမိပြီး ထိုသူကို တကယ်အော့နှလုံးနာသည်။

Duty Coat အဖြူရောင်လေး တလွှားလွှားနဲ့ ဆေးရုံလျှောက်လမ်းတွေအလည်မှာ ကြွကြွရွရွလျှောက်နေရမယ့်အချိန် လူ့အသက်တွေကယ်တင်နေနိုင်ရမယ့် အဖိုးတန်အချိန်တွေမှာ ကိုယ်တိုင်အသက်ဘေးက လွတ်မြောက်ဖို့အတွက် အခန်းတစ်ခုရဲ့ ထောင့်လေးတစ်နေရာမှာ မာနကင်းမဲ့စွာ ရှင်သန်နေရတာ အခုချိန်သေသွားရင်တောင် နောက်ဘဝအထိ မေ့သွားနိုင်စရာမရှိ...။

'' လက်တွေကိုကြိုးဖြေထားလို့ ဘာမှကြံစည်ဖို့စိတ်မကူးနဲ့ "

ကုတင်ပေါ်ပစ်တင်ခံထားရတာကနေ နာကျင်မှုကြောင့် အငြိမ်မနေပဲ လူးလဲထလာတော့ ထယ် ဆေးလိပ်သောက်နေရင်းနဲ့မှ စောင်းငဲ့ကြည့်ကာ Dr.Kim Seok Jinရှိရာ ပြန်လျှောက်လာခဲ့သည်။

Mask ကိုချွတ်ထားတာမို့ ဖြောင့်စင်းနေသောနှာတံလှလှလေးနဲ့ မျက်နှာချောချောလေးကို အပြည့်အဝမြင်နေရသော်လည်း မျက်လုံးတွေက အမြဲအေးစက်စိမ်းကားသော အညိုရောင်တွေနဲ့ ကြက်သီးထစရာအကြည့်တွေ...။

ချောမောလွန်းတဲ့ရုပ်ရည်နဲ့ တစ်ချိန်တည်းမှာပဲ ကြောက်စရာမျက်နှာထားကို ပိုင်ဆိုင်ထားသူဟာ တော်ရုံလူမော်မကြည့်ရဲလောက်တဲ့ အရှိန်အဝါတစ်ခု ရှိကိုရှိသည်။

သိပ်ထူးခြားတဲ့ လူဆိုးတစ်ယောက်ပဲ...ဆေးလိပ်တွေသောက်တာတောင် နှုတ်ခမ်းတွေက ဆေးဆိုးထားသလို နီဆွေးနေသည်။

" ငါ့အသားကို မထိနဲ့ "

နှုတ်ခမ်းလှလှလေးတွေ ဘယ်လောက်နာသွားမလဲမသိ... အခုထိသွေးတွေစို့နေကာ နီရဲနေတုန်းမို့ ထယ်က ထိကိုင်ကြည့်ဖို့ အနီးကပ်လာတာနဲ့ လက်ကိုရိုက်ချခံလိုက်ရသည်။ ဒီဆရာဝန် ကြောက်ပြီးငြိမ်သွားတာက နမ်းနေတုန်းခဏပဲ...။

House Of Cards 🔥Where stories live. Discover now