Ep- 16 (Part- 1)

782 102 17
                                    

အတူတူရင်ဆိုင်နေကျဒုက္ခတွေ...
အတူတူဖြေရှင်းနေကျပြသနာတွေ...
အတူတူကျော်ဖြတ်နေကျအခက်အခဲတွေ....

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေနေ တစ်ယောက်လက်ကိုတစ်ယောက် မလွှတ်တမ်းဆွဲထားပေးခဲ့တာတွေ...
အတူတူသေဖို့အထိတောင် အမြဲအဆင်သင့်ရှိခဲ့တာတွေ...

အောင်မြင်ရင်အတူတူအောင်မြင်ပြီး ရှုံးနိမ့်ရင်လည်း အတူတူရှုံးနိမ့်ခဲ့ကြတဲ့ဘဝတွေမို့ အခုအချိန်မှာ တစ်ယောက်တည်းပဲ လွတ်မြောက်ဖို့ကြိုးစားနေရတာဟာ Jiminအတွက် ဘာအဓိပ္ပာယ်မှမရှိတော့သလိုမျိုး...။

" ထယ်!! "

ပြေးရင်းလွှားရင်းနဲ့ ထယ့်အခြေအနေကိုသိချင်လို့ နာရီသေးသေးလေးထဲ ချိတ်ထားတဲ့linkတွေနဲ့ အကြိမ်ကြိမ်အခါခါဆက်သွယ်နေလည်း ထယ့်ဘတ်အခြမ်းက connectionဟာ ပြတ်တောက်ကောင်းနေဆဲ...။

"ထယ်... ဘာတွေဖြစ်နေလဲ!! "

ကိုယ်တိုင်ကသာ အသက်ဘေးက လွတ်အောင်ရုန်းနေရပေမယ့်...
သူ့နောက်ကွယ်မှာကျန်ခဲ့တဲ့ထယ် ဘာဖြစ်နေမလဲဆိုတဲ့အတွေးရယ်...
ထယ့်ကို တကယ်ပဲထားခဲ့ရတော့မလား... ထယ်နဲ့အတူဒေါက်တာ့ကိုပါ နောက်ကြောင်းပြန်လှည့်ခေါ်ရမလားဆိုတဲ့ အ​တွေးရယ်...

ထယ့်ကို မာဖီးယားခေါင်းဆောင်မှန်း တခြားသူတွေရိပ်မိသွားခဲ့ရင် ဘာဆက်လုပ်ရမလဲဆိုတဲ့ အတွေးရယ်နဲ့ ခြေထောက်တွေကို ရှေ့ဆက်ရွေ့ချင်စိတ်မရှိခဲ့... ထယ်မပါပဲဒီနေရာကနေ လွတ်မြောက်ချင်တဲ့စိတ်မရှိတော့တဲ့ Jiminဟာ တကယ်ရူးတော့မလိုပဲ...။

" ဘယ်မှာလဲ..... အခုဘယ်မှာလဲလို့ !"

ထယ်ဒဏ်ရာရသွားတာ... ခါတိုင်းတွေလို ထယ့်ကိုသေချာမကာကွယ်ပေးလိုက်နိုင်တာ... Dr.Kim Seok Jinကို ထယ်ချစ်ပြနေတာတွေသာ မြင်ယောင်နေမိပြီး ထယ့်ရှေ့ကထွက်လာခဲ့ချိန်တည်းက အသိစိတ်နဲ့ခန္ဓာကိုယ်ဟာ တစ်နေရာဆီ...။

သေနတ်သံတွေ... ကျည်ဆံတွေကြားထဲမှာ...
ပစ်ရင်းခတ်ရင်း ပြေးရင်းလွှားရင်း... ခြေရာဖျောက်ရင်း ဖျောက်ရင်းနဲ့ ထယ်ညွှန်ပြထားတဲ့ ဘေးကင်းရာထွက်ပေါက်နဲ့ လမ်းလွဲပြီး ဆေးရုံရဲ့အမြင့်ဆုံးခေါင်းမိုးထပ်ပေါ်ကို Jiminရောက်လာခဲ့သည်။

House Of Cards 🔥Where stories live. Discover now