Ep - 15

857 132 24
                                    

နောက်ကနေအလစ်အငိုက် ထိုင်ခုံနဲ့ နှစ်ချက်ဆင့်အရိုက်ခံလိုက်ရလို့ ချက်ခြင်းပြန်ထမလာနိုင်တော့တဲ့ အရာရှိJeonရယ်...

သေလောက်အောင် လည်ပင်းညှစ်ခံထားရခဲ့တာမို့ ပြန်ထမလာနိုင်သေးတဲ့ ထယ်ရယ်...

Jiminလက်ချက်ကြောင့် နံရံနဲ့ပြေးကပ်သွားတဲ့အထိ လွင့်ထွက်လဲကျသွားခဲ့ရတဲ့ ဒေါက်တာရယ်...

ပတ်ပတ်လည်မှာ ဒဏ်ရာဒဏ်ချက်ကိုယ်စီနဲ့ အတုံးအရုန်းလဲနေကြတဲ့ လူတွေကြားထဲ ထိုင်ခုံအကျိုးဆီက အပိုင်းအစတစ်ခုကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားလျက်နဲ့ အကောင်းအတိုင်းမတ်တတ်နေနိုင်သူဟာ ဒေါသတွေနဲ့ဘာမှမမြင်နိုင်တော့တဲ့ Jiminတစ်ယောက်တည်း...။

" Fuck! အာရုံနောက်လိုက်တာ "

ထယ့်ဆီလည်းပြေးမထူသေးပဲ အရာရှိJeonဆီလည်းမဟုတ်တော့ပဲ ခြေတစ်လှမ်းချင်းစီရဲ့ ဦးတည်ရာဟာ... တုတ်တစ်ချောင်းကိုင်ထားတဲ့ Jiminပြစ်မှတ်ဟာ ထယ်နဲ့အရာရှိJeon နှစ်ယောက်စလုံးအတွက် အဓိကဖြစ်တဲ့ ဒေါက်တာ့ဆီ အရင်ဆုံးပဲ...။

ထယ့်ကိုကာကွယ်ပေးဖို့ကလွဲပြီး ဒေါက်တာ့ကိုကြီးကြီးမားမားအန္တာရာယ်ပေးဖို့ မရည်ရွယ်ခဲ့ပေမယ့် အခုအနေအထားမှာJiminရွေးချယ်စရာမရှိခဲ့...။

" အာ... ဘယ်သူများလဲလို့~~ "

နဂိုတည်းကမှ Emergencyအထိရောက်ပြီး ကုသမှုခံယူနေခဲ့ရတဲ့ ဒေါက်တာဟာ Jiminတစ်ချက်တည်း အားထည့်ပြီးတွန်းလိုက်တာနဲ့ နံရံနဲ့နောက်ကျောပါ ပြင်းပြင်းထန်ထန်စောင့်မိသွားပြီး နံရံထောင့်လေးမှာ နာကျင်စွာငြိမ်ကျနေသည်။

မျက်လုံးပြန်ဖွင့်လာနိုင်ပြီး နည်းနည်းလေးလှုပ်ရှားလာနိုင်တာနဲ့တစ်ပြိုင်နက် ဘယ်သူ့အတွက်မှန်းမသိပဲ စိတ်မချနိုင်တဲ့မသိစိတ်က ဒေါက်တာ့ကိုလမ်းထလျှောက်နိုင်ဖို့အထိ တွန်းအားတွေပေးခဲ့တာ...

ခန္ဓာကိုယ်ပေါ်က ပိုက်တွေအကုန်လုံးကို ဖြစ်သလိုဆွဲဖြုတ်ပစ်ခဲ့ပြီး ထယ်နဲ့အရာရှိJeonရှိမယ့်နေရာဆီကို မရရအောင်​ဒေါက်တာလိုက်လာပြီး တားဆီးခဲ့တာက တော်ရုံတန်ရုံစိတ်ဓာတ်မျိုးနဲ့မှမဟုတ်တာ...။

House Of Cards 🔥Where stories live. Discover now