" ငါလည်း သေအောင်ပြန်နမ်းတတ်တယ် "
နှုတ်ခမ်းတွေဆီထိကပ်လာတဲ့ ရိုင်းစိုင်းခြင်းတွေဟာ ထယ့် နှလုံးသားကို ငလျင်တွေလိုမျိုး ပြင်းပြင်းထန်ထန် လှုပ်ခပ်သွားစေရာ...။
အကြမ်ပတမ်းဖတ်တွယ်လာတဲ့ လက်ကလေးတစ်စုံဟာ ထယ့်လိုလူတစ်ယောက်အတွက် အနွေးထွေးဆုံးသာမက အသက်ရှုနှုန်းတွေကိုတောင် ခေတ္တရပ်တန့်သွားစေခဲ့တာ...။
မယုံနိုင်စရာ...!
ဒေါက်တာကထယ့်လည်ပင်းကို ဖတ်တွယ်ကာ သူ့ဘတ်ကအရင်စပြီး ထယ့်နှုတ်ခမ်းတွေကို နမ်းရှိုက်လာတာတဲ့လား။
ဒေါက်တာ့ကို အားထည့်ရိုက်နှက်ဖို့ရွယ်ထားတဲ့ ထယ့်လက်တွေက ကြိုးတွေလျော့သွားတဲ့ ရုပ်သေးရုပ်လိုမျိုး...
ထယ့်ခန္တာကိုယ်ဟာ ရုတ်တရက်အားအင်တွေအကုန် ယုတ်လျော့သွားသလိုမျိုး...
သတ်ပစ်ချင်သွားလောက်အောင် လောင်မြိုက်သွားတဲ့
ထယ့်ရင်ထဲကမီးတောက်တွေကို
ချက်ခြင်းပြန်ငြိမ်းသက်ပေးလိုက်သလိုမျိုး
အဆိပ်ပြင်းတဲ့ အနမ်းမိုး...။အဆမတန်ခုန်ပေါက်နေတဲ့ နှလုံးခုန်နှုန်းကလွဲလို့ ထယ့်တစ်ကိုယ်လုံး ဘာမှလှုပ်ရှားလို့မရတော့။
ဒေါက်တာ့ခန္တာကိုယ်တစ်ခုလုံးကို ဒေါသတကြီး ဆွဲကိုင်လှုပ်ရမ်းပစ်လိုက်ဖို့ပြင်နေသော ထယ့်ကို ဒေါက်တာကအနမ်းတစ်ခုနဲ့တင် ထယ့်နှလုံးသားတစ်ခုလုံး ထယ့်ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်သွားစေခဲ့သည်။
မျက်နှာချင်းထိကပ်သွားကာ ထယ့်နှုတ်ခမ်းတွေကို အပိုင်သိမ်းလိုက်တဲ့ဒေါက်တာသည် နမ်းလိုက်ရင်းကပင် ထယ့်ကိုလည်းမီးဝင်းဝင်းတောက်မျက်လုံးတွေနဲ့ စူးလက်စွာစိုက်ကြည့်နေသေးသည်။
အနမ်းတွေဟာ ကြမ်းတမ်းပြင်းရှနေပြီး...
အကြည့်တွေဟာ တစ်စက်လေးမှနူးညံ့ခြင်းမရှိတာတောင်မှ ဒေါက်တာ့နှုတ်ခမ်းတွေရဲ့ လွှမ်းမိုးခြင်းသည် ထယ့်အတွက်တော့ချိုအီနေသည်။နှုတ်ခမ်းချင်းပါမက မျက်လုံးချင်းပါအနီးကပ်ဆုံကာ နှစ်ယောက်စလုံးရဲ့ အကြည့်ပြင်းပြင်းတွေ ထိပ်တိုက်တွေ့တဲ့အခါ ကြာကြာရင်မဆိုင်နိုင်သူဟာ ဒီတစ်ခါထယ်မဟုတ်ပဲ ဒေါက်တာဖြစ်နေခဲ့တာ။
YOU ARE READING
House Of Cards 🔥
Fanfictionတချို့ဆုံတွေ့ခြင်းတွေက ဝဠ်ကြွေးတွေသာဆိုရင် မျှော်လင့်စရာ တစ်စုံတစ်ရာမှ မရှိခဲ့ပေမယ့်လည်း မဆုံနိုင်တဲ့လမ်းတွေရဲ့ အဆုံးသတ်တဲ့အထိ အသွေးအသားထဲကနေ ရူးနေအောင်ချစ်ရတယ် ...။