Ep - 12

780 146 29
                                    

ဘီလီယံတွေသိန်းပေါင်းထောင်ချီနေတဲ့ ငွေကြေးပမာဏတွေအတွက်နဲ့ အသက်စွန့်ပြီးအလုပ်လုပ်တယ်...

လက်နက်တွေမူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားဖို့အတွက်နဲ့ ကိုယ်ပိုင်ဘဝတွေကိုစွန့်လွှတ်တယ်.. နိုင်ငံရေးထိပ်တန်းခေါင်းဆောင်တွေရဲ့နောက်မှာ ကြိုးကိုင်ခြယ်လှယ်ထားပြီး အာဏာတစ်ချို့ကို ငွေတွေပုံပေးပြီးဝယ်တယ်...။

လောကမှာရှိနေဖို့ မထိုက်တန်ဘူးထင်နေတဲ့ လူတစ်ချို့ရဲ့အသက်ကိုလည်း အချိန်မရွေးနုတ်ယူဖို့ စေခိုင်းနိုင်တယ်...။

လိုချင်တာရဖို့အတွက်ဆို ဘယ်အကြောင်းအရာကိုမှမငဲ့ပဲ ဘာမဆိုလုပ်တတ်တဲ့ မာဖီးယားတွေရဲ့ဘဝမှာ အနမ်းလေးတစ်ခုကို ပိုင်ဆိုင်ချင်ရုံလေးနဲ့ လူသေအလောင်းတွေထားတဲ့ ရေခဲတိုက်ထဲမှာ လူသေလိုလာစောင့်နေခဲ့တဲ့ မာဖီးယားရောရှိတယ်လို့ ဘယ်သူကထင်မှာလဲ...။

နှုတ်ခမ်းလေးတစ်ခုအနား ထိကပ်ရဖို့အတွက်နဲ့ လည်ပင်းကိုဓားထောက် ခြိမ်းခြောက်ထားရတာ၊ တစ်ဖတ်လူက ရိုက်သမျှပုတ်သမျှကို ငြိမ်ခံပေးခဲ့တာကတော့ ထယ့်ရဲ့မာဖီးယားlifeမှာ အရယ်ရဆုံးဟာသတစ်ခုပဲ...။

" နည်းနည်းလှုပ်တာနဲ့လည်ပင်းထဲကို ဒီဓားကတိုးဝင်သွားမှာနော်... "

" နှုတ်ခမ်းကိုမနမ်းနဲ့! "

" နှုတ်ခမ်းကိုနမ်းတာမကြိုက်ရင် ဘယ်နေရာကိုနမ်းတာကြိုက်လဲ"

ဘာပြောပြောဂရုစိုက်မနေပဲ ဒေါက်တာ့နှုတ်ခမ်းတွေဆီ ထိကပ်နမ်းရှိုက်လိုက်တာနဲ့ နူ့ညံ့နေတဲ့အထိအတွေ့ဟာ ထယ့်နှလုံးသွေးကြောထဲအထိ စိမ့်ခနဲ...။

ချယ်ရီတွေလိုလို စတော်ဘယ်ရီတွေလိုလိုနဲ့ ဒီနှုတ်ခမ်းလေးကို ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ...

တစ်ခါလေးဆုံဖူးရုံလေးနဲ့ ပထမဆုံးအကြိမ်နမ်းဖူးရုံလေးနဲ့ ဘယ်လောက်တောင် ငတ်မွတ်တမ်းတလိုက်ရသလဲ...။

နမ်းပစ်မယ် ... စတွေ့တုန်းကလိုပဲ ဘာကိုမှမစဥ်းစားမငဲ့ကွက်ပဲ တစ်ခါလောက်ထပ်ပြီး သေအောင်နမ်းပစ်မယ်ဆိုတဲ့အတွေးနဲ့ ဒေါက်တာကြောက်နေမယ့်မျက်နှာကိုလည်း တစ်စက်မှမော့မကြည့်ခဲ့...။

House Of Cards 🔥Where stories live. Discover now