" လွှတ်တော့ ...!! "
" မလွှတ်ပေးချင်ပါဘူး "
ထယ့်လက်ကိုလွတ်ချလိုက်တာနဲ့တစ်ပြိုင်နက် ဒေါက်တာ့မျက်နှာဟာ ချက်ခြင်းတင်းခနဲ...။ ထယ့်ကိုကာကွယ်ပြီးခေါ်လာပေးတဲ့သူဟာ လုံးဝသူမဟုတ်ခဲ့တဲ့ပုံစံမျိုးနဲ့...။
ထယ်ကလည်း ခဏလေးနဲ့ လွယ်လွယ်လေးနဲ့ ဒေါက်တာ့လက်တွေကို ဘယ်လွှတ်ပေးချင်ပါ့မလဲ...။
" လွှတ်တော့လို့ပြောနေတယ်လေ~ "
ဒေါက်တာ့လက်ကောက်ဝတ်ကနေ ချက်ခြင်းပဲ တင်းတင်းကျပ်ကျပ် ပြန်ဖမ်းဆွဲထားလိုက်တော့ ဒေါက်တာကလေသံတင်းတင်းနဲ့သာ ငြင်းဆန်ပြီး အတင်းအကျပ်ထပ်မရုန်းခဲ့...။
ထယ်ကအားနဲ့ဆွဲဖယ်ခဲ့တဲ့ လက်ကဒဏ်ရာကနာနေတာရယ်...
သွေးထွက်လွန်နေခြင်းကြောင့် ပြာဝေလာတဲ့မျက်လုံးတွေရယ်ဟာ ထယ့်မျက်နှာကိုတောင် သဲသဲကွဲကွဲမမြင်ရတော့ပဲ ပြိုလဲတော့မတတ်ပဲမို့ ဒေါက်တာဟာသူ့စိတ်ကိုသူ မနည်းထိန်းထားနေရသည်။အားလုံးဘေးကင်းလွတ်မြောက်တာ မသေချာခင်အထိမျက်ကွယ်မပြုလိုက်ချင်တဲ့စိတ်နဲ့ ထယ့်ရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်အားတင်းထားခဲ့ပြီး ထယ့်ကိုသာမြန်မြန်ထွက်သွားစေချင်နေသည်။
ဒေါက်တာ့ကိုမေးခွန်းတွေအများကြီး မေးချင်နေခဲ့တဲ့ထယ်ကတော့ ဒေါက်တာဘာဖြစ်နေလဲဆိုတာကို အရင်သတိမထားမိတော့...။
ဝမ်းနည်းသလိုလို ပျော်ရမလိုလို တစ်ခုခုကိုအလိုမကျသလိုနဲ့ ထယ့်ရင်ဘတ်ထဲမှာ ခံစားချက်တွေဟာ အမျိုးကိုစုံနေပြီး နှလုံးသားတစ်ခုလုံးဟာ ပြုတ်ထွက်မတက်ခုန်ပေါက်နေသည်။
" ဘယ်သူမှမရိပ်မိခင် ဒီကနေထွက်သွား! "
" ကိုယ်ထွက်သွားရင် မင်းကဟိုကောင်နဲ့အတူတူ အိမ်ပြန်ပြီးပျော်နေမှာ "
" အဲ့တာငါ့ကိစ္စ... မင်းကိစ္စက Jung Kookနဲ့သူ့လူတွေ မရိပ်မိခင် ငါ့အနားကနေ အမြန်ဆုံးထွက်သွားလိုက်တော့ "
" ကိုယ်ကထွက်ပြေးရတာ ဝါသနာမပါဘူးဒေါက်တာ "
" မင်းကိုဘာလုပ်ဖို့ ဆွဲခေါ်လာတယ်ထင်နေတာလဲ... မပြေးလို့ဘာဆက်လုပ်ရမှာလဲ မင်းမပြေးရင် အကုန်သေကုန်လိမ့်မယ် "
![](https://img.wattpad.com/cover/293618644-288-k68459.jpg)
YOU ARE READING
House Of Cards 🔥
Fanfictionတချို့ဆုံတွေ့ခြင်းတွေက ဝဠ်ကြွေးတွေသာဆိုရင် မျှော်လင့်စရာ တစ်စုံတစ်ရာမှ မရှိခဲ့ပေမယ့်လည်း မဆုံနိုင်တဲ့လမ်းတွေရဲ့ အဆုံးသတ်တဲ့အထိ အသွေးအသားထဲကနေ ရူးနေအောင်ချစ်ရတယ် ...။