Ep - 17

665 115 18
                                    

" ငြိမ်ငြိမ်နေ မင်းကိုသေချာနမ်းပေးမယ် "

" မဟုတ်ဘူး..."

" ငါ မင်းတကယ်လိုချင်တဲ့ မင်းစိတ်တိုင်းကျမယ့် အတိုင်းအတာအထိ နမ်းပေးမယ် "

" ကိုယ် အဲ့လိုမဟုတ်..."

ထယ် စကားဆက်ခွင့်မရတော့...

ထိကပ်သွားကြတဲ့ နှုတ်ခမ်းလွှာနှစ်ခုဟာ ဒေါက်တာစေညွှန်ရာ... ဒေါက်တာ့ဦးဆောင်မှုအောက်မှာသာ နာကျင်စူးနစ်စွာ..။

မုန်းရင်ရော နမ်းလို့ရလား...

ဟုတ်တယ်.... မုန်းလို့နမ်းတာ...
မုန်းလွန်းလို့ဂလဲ့စားချေချင်လို့ နာအောင်ပြန်နမ်းမိတာရယ်..
အနှောင်အဖွဲ့ကနေ လွတ်မြောက်လိုလွတ်မြောက်ညားနဲ့ သွေးရူးသွေးတမ်း နမ်းမိသွားတာရယ်ပါ...။

လူတွေဟာ တစ်ယောက်ကိုတစ်ယောက် နှစ်သက်ရင် ချစ်ရင် မြတ်နိုးရင်သာ မက်မက်မောမောနမ်းရှိုက်ကြတယ်ပဲ ကြားဖူးတာ...

ဒေါက်တာကတော့ ဆန်းဆန်းပြားပြား ဒီအရိုင်းအစိုင်းကောင်ကိုမှ မုန်းလို့နမ်းတာ...
ဒုတိယမြောက် အကြိမ်အခါ...။

အမုန်းကိုတည်ပြီး အမုန်းနဲ့ပဲစားတဲ့အခါ
ဒေါက်တာ့နဲ့ထယ်ကြားမှာ အကြွင်းကျန်ရစ်ခဲ့တာက အကြိမ်ကြိမ်အခါအခါသော အနမ်းတွေသာ...။

အဓိပ္ပာယ်နားမလည်တဲ့ မေးခွန်းတစ်ခုရဲ့အောက်က အဖြေလွှာကို ကမန်းကတမ်းနဲ့ ခေါင်းစဥ်များမှားတပ်ထားလေသလား...
တကယ့်ခေါင်းစဥ်အစစ်ဟာ အမုန်းဆိုတာသိပ်မသေချာ...။

နူးညံ့လွန်းတဲ့နှုတ်ခမ်းတွေရဲ့ အစုန်အဆန်မှာ ကြင်နာမှုအနည်းငယ်မပါ မြတ်နိုးယုယမှုအနည်းငယ်မပါ...
သနားညှာတာမှုမပါ အပြန်အလှန်အပေးအယူလည်းမပါပေမယ့် ထယ့်နှုတ်ခမ်းတွေကိုတော့ သေသေချာချာကိုနမ်းပေးနေခဲ့တာ...။

ထယ် မရုန်းရဲပါ...

သူ့ကိုခြိမ်းခြောက်တဲ့ဓားနဲ့ သူ့လည်ပင်းသူပြန်ဆွဲခြစ်ရဲခဲ့တဲ့ ဒေါက်တာ့ကို ငြိုညင်သွားအောင် ထယ်မလုပ်ရဲပါ...
မထင်မှတ်ထားတဲ့ ဒေါက်တာ့အပြုအမူတွေတိုင်းဟာ ထယ့်လိုလူကို အမြဲတမ်းထိတ်လန့်အံ့သြသွားစေပြီး နာကျင်စွာသာယာနေစေတာ...။

House Of Cards 🔥Where stories live. Discover now