Ep - 18

934 122 32
                                    

ထယ်ဟာ ဒေါက်တာ့ကို မထားဆီးထားခဲ့သလို...
ဒေါက်တာကလည်း ထယ်လဲကျသွားတာနဲ့ တစ်ချက်လေးတောင် ပြန်စောင်းငဲ့မကြည့်...။

ထယ့်ကိုတွန်းထုတ်လိုက်ပြီးတာနဲ့ တံခါးပေါက်ဆီ​ထွက်ပြေးပြီးကျောခိုင်းထွက်လာခဲ့တာ ဓာတ်လှေကားဆီဘယ်လိုရောက်လို့ ရောက်လာမှန်းတောင်မသိ...။

ခြေဖျားလက်ဖျားတွေလည်း အေးစက်နေဆဲဖြစ်ပြီး ဓာတ်လှေကားခလုတ်ကို ဆက်တိုက်ဆက်တိုက်နှိပ်နေမိတဲ့ ဒေါက်တာ့လက်တွေက တုန်ယင်နေပြန်သည်။

မလိုက်လာနိုင်တဲ့ အခြေအနေမှန်းသိပေမယ့် နောက်ကိုလည်းစိတ်မချသလို လှည့်တကြည့်ကြည့်...

ဘယ်တော့မှခန့်မှန်းထားလို့မရတဲ့ထယ့်စိတ်ဟာ တကယ်လွှတ်ပေးမယ်လို့ ယုံလို့ရလား မရလားမှမသိတာ...။

ထယ့်ရှေ့မှာ လုပ်ချင်ရာတွေကိုလုပ်ပြခဲ့ပြီးပေမယ့်...
စိတ်ထဲရှိတဲ့အတိုင်း နာကျင်အောင် ရိုက်နှက်သောင်းကျန်းခဲ့ပြီးပေမယ့် ထယ့်ဘတ်က ဆန့်ကျင်ဘတ်ပုံစံတွေနဲ့သာ တုန့်ပြန်ပြီး သည်းခံပေးနေတာကိုလည်း မယုံရဲ...။

ထယ့်ကို နမ်းနေချိန်တွေ...
တစ်ခွန်းမခံပြန်အော်ပြီး စကားလုံးကြမ်းကြမ်းတွေနဲ့ အနိုင်ယူလို့ရနေတဲ့အချိန်တွေဟာ တကယ့်ကိုအိမ်မက်လိုပဲဆိုပေမယ့် ပြန်ပေးဆွဲပြီးရိုက်နှက်ခံခဲ့ရတဲ့ အခန်းထဲပိတ်လှောင်ထားခံခဲ့ရတဲ့ နေ့ရက်တွေကတော့ ဒေါက်တာ့အတွက်အိမ်မက်မှမဟုတ်ခဲ့ပဲ..။

ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်နေနေ...
ထယ့်ကိုဘယ်လိုတွေပဲပြောနေနေ ဒေါက်တာဟာ ထယ့်ကိုသိပ်ကြောက်ပါတယ်...။

ထယ်နမ်းမှာကိုလည်း ကြောက်တယ်...
ထယ်ကြည့်လိုက်ရင်လည်းကြောက်တယ်...
ထယ်ပြုံးလိုက်ရင်လည်း ကြောက်တယ်...
ထယ်ကြမ်းတမ်းရမ်းကားရင်လည်း ကြောက်သလို ထယ်ဖက်ထားရင်လည်း ကြောက်တာပါပဲ...။

သူပေးတဲ့ပုံစံမျိုးကိုမရွေးချယ်ပဲ မယုံနိုင်လောက်အောင် နူးညံ့ပျော့ပြောင်းပြပြီး သူ့ရင်ခွင်ထဲ ထယ် မှီရုံလေးမှီခဲ့တော့လည်း ရင်ဘတ်တစ်ခုလုံးထူပူသွားပြီး အငွေ့ပျံသွားလိုက်ချင်တဲ့အထိကြောက်တာ ဘာဖြစ်လို့လဲ...။

House Of Cards 🔥Where stories live. Discover now