Ep - 6 (Part-1)

1.2K 169 31
                                    

မီးခိုးငွေ့တွေ ဖုန်မှုန့်တွေက ဘယ်ပတ်ဝန်းကျင်ကိုမှ မသဲကွဲတော့လောက်အောင် နေရာအနှံ့လွင့်လွင့်ပျံ့ပျံ့...။

ပေါက်ကွဲသံ ပြိုကျသံတွေရဲ့အဆုံးသတ်မှာ အကျယ်လောင်ဆုံးထွက်လာတဲ့အသံတစ်ခုဟာ နာနာကျင်ကျင်ကြေကြေကွဲကွဲ...။

"ထယ်.....!!!!!! "

အသံတစ်ခုဆိုတာထက် ငိုသံလိုအာခေါင်ခြစ်အော်သံအကြားမှာ သတိပြန်ကပ်လာတော့မှ နေရာမျိုးစုံကနေ ပြင်းပြင်းထန်ထန် နာကျင်မှုဝေဒနာတစ်ချို့နဲ့အတူ Jungkookလူးလဲထလာလိုက်တော့ ခန္တာကိုယ်တစ်ခုကို လုံးထွေးလျက်ဖတ်ထားလျက်မိသား...။

လူးလွန့်ရုန်းကန်လာတဲ့ လှုပ်ရှားမှုကြောင့် မူးနောက်ရီဝေနေတဲ့အာရုံတွေကြားထဲကနေ ရင်ခွင်ထဲကခန္တာကိုယ်ကို ငုံ့ကြည့်မိတဲ့ခဏ စူးရှလွန်းတဲ့ မီးခိုးရောင်မျက်ဝန်းတစ်စုံကြောင့် အဓိပ္ပာယ်မရှိပဲ ရင်ခုန်နှုန်းဟာ ဒိတ်ခနဲ...။

" လွှတ်စမ်း...!"

ရင်ဘတ်ကို တံတောင်နှင့်တိုက်ချကာ ထပြေးဖို့အားယူနေသူ မာဖီးယားလူမိုက်ကောင်ရဲ့ မီးခိုးရောင်မျက်ဝန်းတွေမှာ မျက်ရည်တွေရစ်ဝဲနေပါလျှက်နဲ့ Jungkookကို ကြည့်တဲ့အကြည့်အတွေကတော့ မီးထတောက်တော့မတတ်...။

ဘာအဓိပ္ပာယ်မှန်းမသိတဲ့ မျက်ရည်တွေနဲ့ ဒီအကြည့်တွေရဲ့အရှိန်အဝါဟာ ဘယ်လောက်တောင်ပြင်းထန်လိုက်သလဲဆို "လွှတ်စမ်း" ဆိုတာနဲ့ Jungkookရုတ်တရက် ယောင်ပြီးတောင် ထိုသူကိုတွန်းထုတ်လိုက်မိသည်အထိ...။

မီးခိုးရောင်မျက်ဝန်းတွေနဲ့ ဒီကောင်ကဘာလို့သူ့ရင်ထဲရောက်နေတာလဲ...ဘာလို့ဖတ်ထားမိသွားတာလဲ သူမသိ။ ဒီကောင်ဟာ သူဖမ်းဆီးရမယ့် တရားခံဖြစ်တာမို့ မသိစိတ်က ဖမ်းချုပ်ထားမိသွားတာမျိုးကလွဲလို့ ဘာမှမဖြစ်နိုင်...။

ခဏလေးအတွင်း ဘာတွေဘယ်လောက်ထိ ဖြစ်ပျက်သွားခဲ့လဲ...။ အရာအားလုံးက လိုအပ်တာပို တိတ်ဆိတ်သွားခဲ့တဲ့နောက်မှာ Dr.Kim Seok Jinကရော ဘယ်မှာလဲ...။

Jungkookနဲ့Jiminအတူတူ လုံးထွေးသတ်ပုတ်နေရင်း အကာအကွယ်ရှိတဲ့နေရာတစ်ခုဆီကို လွင့်စင်ထွက်သွားချိန် Jimin မျက်စိရှေ့မှာတင် ထယ် ထိခိုက်သွားတာကို မြင်လိုက်ရကတည်းက Jiminရင်ကိုပါ အပိုင်းပိုင်းကျိုးကြေပျက်စီးအောင် ထိခိုက်သွားသလိုမျိုး...။

House Of Cards 🔥Where stories live. Discover now