Ep - 21 (Part- 1)

445 76 24
                                    

" မင်း... ဘာစောက်စကားပြောတာလဲ"

" စျေးညှိပေးမယ်ဆိုလို့ ညှိနေတာလေ... မင်းကိုငါဘယ်လောက်ပြန်ပေးရင် မင်းနဲ့အိပ်လို့ရလဲလို့"

" တောက်!"

" ငါ့အတွက်ပိုက်ဆံမလိုဘူး..."

"......"

" မင်ခန္ဓာကိုယ်ပဲ လိုချင်တယ်"

" ပါးစပ်ပိတ်ထား!"

" ဟတ်... ဟတ် ~"

တိုက်ခိုက်ခံခဲ့ရဖူးတာတွေ...
အထင်အမြင်သေးခံရဖူးတာတွေနဲ့ ခဏခဏလုပ်ကြံခံရဖူးတာတွေထက် ပိုဆိုးရွားပြီး ပိုအထိနာတဲ့အရာက လူတစ်ယောက်ရဲ့မာနကို စကားလုံးနဲ့ထိုးနှက်လိုက်တာပါပဲ...။

ကိုယ်တိုင်ကလူကောင်းမဟုတ်ပဲ ရိုင်းစိုင်းကြမ်းတမ်းလွန်းတဲ့အပြုအမူတွေ... ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ ညစ်ပေစွန်းထင်နေတဲ့ပတ်ဝန်းကျင်မှာ နေသားကျနေတာမှန်ပေမယ့် ဒါဟာ Jiminဘဝမှာပထမဆုံးအကြိမ် စော်စော်ကားကားအပြောခံလိုက်ရတာပဲ...။

ရုတ်တရက်ကြီး နင့်နင့်သီးသီးသတိရသွားမိပြန်တာက သူ့ကိုအခုထိပစ်ထားရက်နိုင်တဲ့ ထယ်...

Jiminကိုဘယ်သူကမှ ထိပါးတာမကြိုက်လွန်းလို့ လှလို့ငေးကြည့်မိတဲ့သူတွေကိုတောင် ဆွဲလုပ်ပစ်တတ်တဲ့ထယ်သာ အနားမှာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ... ဒီကောင် ထယ့်လက်ချက်နဲ့အသေပဲ...။

ထယ့်ကိုတွေးမိလိုက်တာနဲ့အတူ မှတ်ဉာဏ်ထဲခဏပျောက်သွားတဲ့ တစ်နေ့ကအဖြစ်အပျက်တွေ ခေါင်းထဲပြန်ပေါ်လာတဲ့ခဏမှာပဲ မကျေမချမ်းနိုင်စွာ ထတောက်လာတဲ့ရင်ထဲကမီးစဟာ ဘယ်လိုမှပြန်ပြီးငြိမ်းသက်လို့မရခဲ့...။

တစ်ယောက်တည်းသေပြေးရှင်းပြေး ထွက်ပြေးလာခဲ့ရတာကနေစပြီး ရဲတစ်ယောက်ရဲ့လက်ထဲ လွယ်လွယ်အဖမ်းခံခဲ့ရတွေ... လွယ်လွယ်အစော်ကားခံခဲ့ရတာတွေဟာ ဘယ်ကစပြီးလွဲခဲ့တဲ့ သောက်တလွဲတွေလဲမသိတော့ပေမယ့် Jiminဒေါသတွေရဲ့ထွက်ပေါက်ဟာ... Jiminမကျေနပ်ချက်တွေဟာ မျက်စိရှေ့မှာရှိနေတဲ့ Jeon Jung Kookဆီကိုပဲ...။

Jeon Jung Kookအရမ်းတော်နေတာကြောင့်...
Jeon Jung Kookဟာ ဘာကိုမှဂရုမစိုက်တတ်ပဲ အရမ်းအတင့်ရဲလွန်းတာကြောင့်...။ Jeon Jung Kookဟာ Park Jiminကိုပထမဆုံး စောက်ဂရုမစိုက်ရဲတဲ့ကောင်... Park Jiminကို ရင်ဆိုင်ကြည့်ရဲခဲ့တဲ့ကောင်ပဲ...။

House Of Cards 🔥Where stories live. Discover now