ကလင်.. ကလင်.."ကျန့်ကျန့်ရေ!!! သားရေ အိမ်ရှေ့မှာ ဧည့်သည်ထင်တယ်.. တံခါးလာဖွင့်ပါဦး.. မာမား လက်မအားလို့.."
မီးဖိုခန်းထဲကနေ အော်ဟစ်နေတဲ့ မာမားကြောင့် ရှောင်းကျန့် လည်း သူ့ခေါင်းကို ခေါင်းအုံးအောက် ထိုးထည့်ပြီး ဖွက်ထား လိုက်မိ၏။
"အင်း.. ဟင်း.."
အိပ်လို့တောင် မဝ သေးဘူး.. စောင်အပြင်ထွက်လိုက်တာနဲ့ ဖေဖော်ဝါရီ အအေးဒဏ် က သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ အနွေးဓါတ်တွေကို စုပ်ယူတော့ မလိုပဲ..
ဖျောက်.. ဖျောက်..
အိမ်တစ်အိမ်လုံးကို အုတ်ကြွတ် နီနီတွေနဲ့ မိုးထားသော်လည်း ရှောင်းကျန့်အခန်း ပြတင်းက Sunshade လေးကိုတော့ သွပ်ပြား နဲ့ မိုးထားမိတာ.. မာမားက အုတ်ကြွတ်နဲ့ မိုးဖို့ အတန်တန် ပြောနေတဲ့ကြားကလေ.. ရှောင်းကျန့်က နားမထောင်မိတာ.. အခုတော့ အဲ့ဒီ အမိုးလေးပေါ် နှင်းကျသံ တဖြောင်းဖြောင်းက သူ့နားနားမှာ ရေတံခွန်ကြီး ရှိနေသလိုတောင်ထင်ရတယ်.. တအုန်းအုန်းပဲ..
"ကျန့်!! ကျန့်!!"
ဟူး...
ဒါက တိုက်ပွဲခေါ်သံပဲ.. အချိန်မှီ ငြိမ်ချမ်းရေး စာချုပ် မချုပ်နိုင်ရင် သူ့ဘဝတော့.. ဇွန်းသေနတ်.. ဗုံးယောက်မတွေကြားထဲ.. တဒေါင်ဒေါင်မြည်အောင် တိုက်ခိုက်ခံရတော့မှာ..
"လာပြီ မာမား.. လာပြီ လာပြီ.."
ငြိမ်ချမ်းရေး အတွက် ရှေ့ပြေးအချက်ပြသံအဖြစ် မာတာမိခင် ကျေနပ်သွားအောင် အသံပေးပြီး..နောက်ဆုံးမှာတော့ အိပ်ယာမှ လေးလေးလံလံ ထခဲ့ရတော့၏။
"အားယား အေးလိုက်တာ.."
မျက်လုံးမဖွင့်ပဲ ဖိနပ်စီးတာ.. ခြေထောက်က ကုတင်ဘေးက အိမ်စီးဖိနပ်ဝါဝါလေးပေါ် တန်းမရောက်ပဲ ကြမ်းပြင်ပေါ် အေးအေးပေါ် ရောက်သွားတာ..
"အေးလိုက်တာနော် ဟူး ဟူး.."
အအေးဓါတ်ကြောက်တဲ့ ရှောင်းကျန့်လေးက ကုတင်ပေါ်က စောင်ကိုပါ အဖော်ခေါ်ပြီး.. မာတာမိခင် အမိန့်တော် ရှိတဲ့အတိုင်း အောက်ထပ်က အိမ်ရှေ့တံခါးကို ဆင်းဖွင့်ရတော့သည်။