Adorable Mistake 4

1.5K 219 5
                                    

Best Friend ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်.. အခု​တော့ Best Friend ​တွေက တကယ်​ရော Best ရဲ့လား ဆိုတာ ​ရှောင်းကျန့် သံသယ ဝင်လာပြီ..

ဝမ်ရိ​ပေါ်ဟာ ကျန်းချန် နဲ့ ​တွေ့ဖို့ လာခဲ့တာ ဖြစ်​ပေမယ့်.. အခုကျ​တော့ night out ချင်လို့ပါဆိုပြီး.. သူ့ရဲ့ဖူးဖူးမှုတ် ​ယောက်ဖ ကို ​ရှောင်းကျန့် လက်ထဲ ထိုးအပ်သွားတယ်..

တစ်​ဆောင်လုံးမှာ ညစာစားဖို့ ကျန်တာ သူတို့ သူငယ်ချင်း နှစ်​ယောက်ပဲ ရှိတဲ့အနက်.. ကျန်းချန်က ဗြန်းစားကြီး ထွက်သွားတာ​ကြောင့်.. အခု​တော့ ဧည်သည်နဲ့ ဧည့်ခံသူ ​ရှောင်းကျန့် နှစ်​ယောက်တည်း dining room ထဲ ကျန်ခဲ့​တော့တယ်..

အခု​​နောက်ပိုင်း ​ရှောင်းကျန့်က မလွှဲမ​ရှောင်သာ အ​ခြေအ​နေ​တွေနဲ့ပဲ တည့်တည့်တိုး​နေတာ.. မျက်နှာချင်းဆိုင်မှာ ညစာထိုင်စား​နေတဲ့ သူက​တော့ ခပ်​အေး​အေးပါပဲ..

အခုပုံစံက.. အင်း.. ဟို.. dating တစ်ခု လိုပဲ.. ကိုယ့်အ​တွေးနဲ့ကိုယ် ရှက်လွန်းအားကြီးသွားတဲ့ ​ရှောင်းကျန့်က ​ဘေးနာက ဟင်းခွက်ကို ကသမ်းကယမ်း နှိုက်ချမိ​တော့..

"​ဟေ့.. ခရမ်းသီး မကြိုက်ဘူးမလား..

ဒီဘက်ကိုချ.."

အ​ဆောင်က ချက်​ပေးတဲ့ ဟင်းထဲမှာ ခရမ်းသီးပါလာတာ.. ​ရှောင်းကျန့်​တောင် အာရုံ​တွေ ​ထွေပြီး မမြင်လိုက်တာ..

​ရှောင်းကျန့်နဲ့​တော့ ​သေချင်တာပဲ..

"ဒါနဲ့စား ကျန့်​ကော.. ကျွန်​တော် ဝယ်လာတဲ့ ဟာ.."

ဝမ်ရိ​ပေါ်က သူယူလာတဲ့ ဟင်း​တွေနဲ့ အ​ဆောင်က ဟင်း​တွေ လဲစား​ပြန်တယ်..

အ​ဆောင် ဟင်းက မ​ကောင်းတာမျိုး မဟုတ်​ပေမယ့် သူ​ဌေးသား​လေး ရဲ့ ဟင်းအမယ်​တွေကို​တော့ မမှီနိုင်တာ အမှန်..

စိတ်ကို ငြိမ်​အောင် မနည်းစုရင်း ​အေးစက်စက်​လေထုကို ​ရှောင်းကျန့်က ဖြိုခွဲလိုက်တယ်။

"ဒီကိုလာ​တော့ မင်းအိမ်က မဆူဘူးလား.."

"ဟင်.."

​ရှောင်းကျန့် တစ်ကယ် သိချင်လို့လည်း ​မေးလိုက်တာ.. ညဘက်ကြီး ကိုယ့်သားက အ​ရေးကြီး ကိစ္စမရှိ ​လျှောက်သွား​နေတာ မိဘ​တွေက ဒီတိုင်း ကြည့်​နေ​ရောလား..

My WorldWhere stories live. Discover now