အား.. ကိုက်ခဲနေတာပဲ.. သူ့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ.. ကိုယ်တစ်ခြမ်းကလည်း အေးနေတယ်.. နှင်းပြင်ထဲ ရောက်နေသလိုပဲ..
အေးလိုက်တာ..
ရှောင်းကျန့်... သူ့ကိုယ်ကိုလှည့်ပြီး ဘေးဘက်ကိုနည်းနည်းတိုးကြည့်လိုက်တယ်.. အ! ကျွတ် သူ့အောက်ပိုင်းက လှုပ်လိုက်မိတာနဲ့ စူးအောင့်သွားတာပဲ..
အသက်ကို ဝအောင်ရူပြီး ဖြည်းဖြည်းလေးလှည့်လိုက်မိတယ်..
နွေးလိုက်တာ.. နွေးလိုက်တာ.. ရေခဲပြင်ထဲမှာ မီးလင်းဖိုလေးကို တွေ့လိုက်ရသလိုပဲ.. နွေးလိုက်တာကွာ.. အိအိထွေးထွေး နွေးနွေးလေး.. ကောင်းလိုက်တာ.. ခါးအောက်ပိုင်းက စူးနာ နေတာတောင် ပျောက်သွားတယ်..
"အရမ်း နာနေလို့လား..."
နားနားကပ်ပြီး ကြားလိုက်ရတဲ့ အသံ ဩရှရှ..
နာနေလို့လား? ဒီအသံ နဲ့ ဒီစကား.. သိပ်ကိုရင်းနှီးနေသလိုပဲ.. ဘယ်လောက်ထိ ရင်းနှီးလဲဆို သူ့ ခန္ဓာကိုယ် အတွင်းတစ်နေရာက ဗြုန်းစားကြီး စူးအောင့်သွား သလိုပဲ..
"ကိုယ်လည်းပူနေတယ်.. ဆေးသောက်မှ ရမယ်ထင်တယ်.."
ထပ်ကြားရပြန်ပြီ.. ဘယ်သူလဲ.. သူ့မျက်လုံးကို အားယူပြီးဖွင့်လိုက်ပေမယ့် လုံးဝ ပွင့်မလာ.. ဒီအသံက ဘယ်ကလာနေတာလဲ.. နေပါဦး.. ဘယ်သူ ပြောနေတာလဲ.. သူကရော ဘယ်ရောက်နေတာလဲ..
အား ခေါင်းကိုက်လိုက်တာ..
"ကျန်းချန်ကော ကိုတော့ ခေါ်ထားပြီးပြီ"
ကျန်းချန်! ဟုတ်တယ် ဟုတ်တယ် မနေ့က ကျန်းချန်မွေးနေ့.. သူတို့ အဆောင်က သူငယ်ချင်းတွေနဲ့ Bar ကို သွားကြတာ.. တစ်ညလုံး ကဲမယ်ဆိုပြီး.. နောက်တော့ သောက်ရင်း စားရင်း အရှိန်ရလာတဲ့ အခါ သူတို့ ဝိုင်းထဲကို ရောက်လာတဲ့ junior ကလေးတွေ..
ကျောင်းမှာ major တူတဲ့ အပြင်.. ကျောင်းစာပြင်ပ club တွေပါ တူနေလို့ တစ်ဝိုင်းတည်း ဝိုင်းဖွဲ့လိုက်ကြတာ..
အဲ့ဒါပြီး အဲ့ဒါပြီးတော့.. သူတို့ အဆောင်ပြန်ကြတယ်.. ဟုတ်တယ်.. ဒါပေမဲ့ အိမ်အပြန်မှာ ထိုးအန်တဲ့ သူငယ်ချင်း ကောင်းမှု နဲ့ သူက သူက..