ပို​နေတဲ့ ​ချောကလက် / ပိုနေတဲ့ ချောကလက်

3.4K 320 45
                                    


ကလင်.. ကလင်..

"ကျန့်ကျန့်​ရေ!!! သား​ရေ အိမ်​ရှေ့မှာ ဧည့်သည်ထင်တယ်.. တံခါးလာဖွင့်ပါဦး.. မာမား လက်မအားလို့.."

မီးဖိုခန်းထဲက​နေ ​အော်ဟစ်​နေတဲ့ ​မာမား​ကြောင့် ​ရှောင်းကျန့် လည်း သူ့​ခေါင်းကို ​ခေါင်းအုံး​အောက် ထိုးထည့်ပြီး ဖွက်ထား လိုက်မိ၏။

"အင်း.. ဟင်း.."

အိပ်လို့​တောင် မဝ ​သေးဘူး.. ​စောင်အပြင်ထွက်လိုက်တာနဲ့ ​ဖေ​ဖော်ဝါရီ အ​အေးဒဏ် က သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ အ​နွေးဓါတ်​တွေကို စုပ်ယူ​တော့ မလိုပဲ..

​ဖျောက်.. ​ဖျောက်..

အိမ်တစ်အိမ်လုံးကို အုတ်ကြွတ် နီနီ​တွေနဲ့ မိုးထား​သော်လည်း ​ရှောင်းကျန့်အခန်း ပြတင်းက Sunshade ​လေးကို​တော့ သွပ်​ပြား နဲ့ မိုးထားမိတာ.. မာမားက အုတ်ကြွတ်နဲ့ မိုးဖို့ အတန်တန် ​ပြော​နေတဲ့ကြားက​လေ.. ​ရှောင်းကျန့်က နားမ​ထောင်မိတာ.. အခု​တော့ အဲ့ဒီ အမိုး​လေး​ပေါ် နှင်းကျသံ တ​ဖြောင်း​ဖြောင်းက သူ့နားနားမှာ ​ရေတံခွန်ကြီး ရှိ​နေသလို​တောင်ထင်ရတယ်.. တအုန်းအုန်းပဲ..

"ကျန့်!! ကျန့်!!"

ဟူး...

ဒါက တိုက်ပွဲ​ခေါ်သံပဲ.. အချိန်မှီ ငြိမ်ချမ်း​ရေး စာချုပ် မချုပ်နိုင်ရင် သူ့ဘဝ​တော့.. ဇွန်း​သေနတ်.. ​ဗုံး​ယောက်မ​တွေကြားထဲ.. တ​ဒေါင်​ဒေါင်မြည်​အောင် တိုက်ခိုက်ခံရ​တော့မှာ..

"လာပြီ မာမား.. လာပြီ လာပြီ.."

ငြိမ်ချမ်း​ရေး အတွက် ​ရှေ့​ပြေးအချက်ပြသံအဖြစ် ​မာတာမိခင် ​ကျေနပ်သွား​အောင် အသံ​ပေးပြီး..​နောက်ဆုံး​မှာတော့ အိပ်ယာမှ ​လေး​လေးလံလံ ထခဲ့ရ​တော့၏။

"အားယား ​အေးလိုက်တာ.."

မျက်လုံးမဖွင့်ပဲ ဖိနပ်စီးတာ.. ​ခြေ​ထောက်က ကုတင်​ဘေးက အိမ်စီးဖိနပ်ဝါဝါ​လေး​ပေါ် တန်းမ​ရောက်ပဲ ကြမ်းပြင်​ပေါ် ​​အေး​အေး​ပေါ် ​ရောက်သွားတာ..

"​အေးလိုက်တာ​နော် ဟူး ဟူး.."

အ​အေးဓါတ်​ကြောက်တဲ့ ​​ရှောင်းကျန့်​​လေးက ကုတင်​ပေါ်က ​စောင်ကိုပါ အ​ဖော်​ခေါ်ပြီး.. မာတာမိခင် အမိန့်​တော် ရှိတဲ့အတိုင်း ​အောက်ထပ်က အိမ်​ရှေ့တံခါးကို ဆင်းဖွင့်ရ​တော့သည်။

My WorldWhere stories live. Discover now