"တော်တော်ပျော်ခဲ့ရဲ့လား.."
...
ဝမ်ရိပေါ်ဆီက အသံမို့ သူ့ကို ပြောတာတောင် ဟုတ်ရဲ့လားလို့ ထင်မိလိုက်သေးတာ.. အခန်းထဲ သူပဲ ရှိတာလေ..
"ခင်များရဲ့ မိန်းကလေးနဲ့လေ.."
အူလည်လည် ရှောင်းကျန့်ကို ဝမ်ရိပေါ်က ထပ်ဆိုလာတာ..
"ဘယ်မိန်းကလေးလဲ.."
"ခင်များ Shopping Center လိုက်ပို့တဲ့ မိန်းကလေးလေ.. မိုးမမြင်.. လေမမြင် ပျော်ပါးခဲ့တဲ့ အိမ်က သဘောတူထားတဲ့ ကောင်မလေးလေ.."
"မဟုတ်တာ.. ဝမ်ရိပေါ်.. အဲ့ဒါက.."
"ပြောပါဦး.. ဖြေရှင်းချက်တွေ.."
"..."
ဝမ်ရိပေါ်က ဒေါသထွက်နေတာ.. နားထင်ကြောတွေ ထောင်နေတဲ့ထိ အံကြိတ်ထားသေးတယ်..
ဒေါသထွက်နေတဲ့ ဝမ်ရိပေါ်က သူ့ရှေ့ကို ဆက်တိုက်တိုးလာတဲ့အခါ.. နောက်ကို ဆုတ်ရင်းပဲ သူ့ကျောက နံရံနဲ့ ကပ်သွားရတယ်..
"ခင်များအနားမှာ ကျွန်တော် ရှိနေခဲ့တာတွေက အရေးမပါတာတွေ လုပ်နေမိတာလား.. ဖြေပါဦး ကျွန်တော်တို့ရဲ့ ပတ်သတ်မှုက လွယ်လွယ်နဲ့ပြီးသွားတာလား
ကျွန်တော်က ခင်များအတွက် one night stan လား"
"..."
မာမာထန်ထန် စကားတွေက ရှောင်းကျန့်က စွံ့အ စေတာအမှန်.. သေချာတာတော့ သူဘာမှ အမှားမလုပ်ခဲ့ဘူး.. ဒေါသထွက်နေတာ အဲ့ဒီ ည ကိစ္စ အတွက်ဆိုရင်တော့ ရှောင်းကျန့် မရှင်းနိုင်လောက်ဘူး..
စကားသံထွက်မလာတော့တဲ့ ရှောင်းကျန့်က အခုချိန်က ပြသနာကို ဖြေရှင်းရမယ့် အချိန်မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်..
တစ်ဖက်က ဒေါသ အရမ်း ထွက်နေတာမို့ သူရှောင်လိုက်တာ အကောင်းဆုံးပဲ..
ဆုံးဖြတ်လိုက်တဲ့ ရှောင်းကျန့်က အခန်းထဲက ထွက်ဖို့ အလုပ်မှာ သူ့ဘေးတစ်ဖက်တစ်ချက်မှာ လက်တွေထောက်လိုက်တဲ့ သူကြောင့် ချောင်ပိတ်ခံလိုက်ရတော့တယ်..