Adorable Mistake 3

1.5K 222 8
                                    

တိုက်ဆိုင်မှု..

သိပ်​ကြောက်ဖို့​ကောင်းတဲ့စကားလုံး..

​လောကကြီးမှာ ​မယုံနိုင်စရာ​ကောင်းတဲ့ တိုက်ဆိုင်မှုမျိုး​တွေ ဒီရက်ပိုင်း မှာ ​ရှောင်းကျန့်​ရှေ့ကို မကြာခဏ ​ရောက်လာတယ်..

မနက်ခင်း ​ကျောင်းလာချိန်.. ​နေ့လည်ခင်း ​ကျောင်းဆင်းချိန်.. ည​နေ ​ကျောင်းပြန်ချိန်..

တစ်​နေ့လုံးမှာ ​ရှောင်းကျန့်အပြင်ထွက်ဖြစ်တဲ့ သုံးခါလုံး.. ဝမ်ရိ​ပေါ်နဲ့ မ​တော်တဆ ​တွေ့​နေရတာပဲ..

ဝမ်ရိ​ပေါ် အရိပ်မြင်တိုင်း ပါတ်​ပြေး​နေရတဲ့ ​ရှောင်းကျန့်က အခုဆို မာရသွန်​တောင် ဝင်ပြိုင်လို့ရ​နေပြီ..

သူ့​ခြေတံ​တွေက သိပ်ရှည်တာ​လေ..

တစ်​နေ့ သုံးခါ ​တွေ့ရရုံနဲ့ ပြီးပြီလား ဆိုပြန်​တော့လည်း.. မဟုတ်​သေး..

ည ခုနှစ်ထိုးမှာ အ​ဆောင်က​နေ night out ခိုးထွက်တဲ့ ကျန်းချန်ကို ဖုန်း​ခေါ်မရလို့ပါဆိုပြီး အချိန်မှန် ဖုန်းဆက်လာတဲ့ ဝမ်ရိ​ပေါ်..

ဒီလိုနဲ့ပဲ..

သူ့တစ်​နေ့တာလုံးမှာ ဝမ်ရိ​ပေါ်နဲ့ ပြည့်​နေ​တော့တာပဲ..

############

"တီချယ်.. ဝင်ခွင့်ပြုပါခင်မျာ.."

"အယ်.. သား ရိ​ပေါ်.. လာ လာ"

အတန်း​ရှေ့ဆုံး stage စင်​ပေါ်က​နေ ထွက်လာတဲ့ နာမည်​ကြောင့်.. စာအုပ်ကို highlight နဲ့ ကုန်းရုန်းတား​နေတဲ့ ​ရှောင်းကျန့်က ဆတ်ကနဲ ​ခေါင်း​ထောင်ကြည့်မိတယ်..

သူက ​နောက်ဆုံးခုံမှာ ထိုင်​နေတာမို့ အ​ရှေ့က မြင်ကွင်းကို နားလည်ဖို့ အ​သေအချာ ကြည့်ယူလိုက်ရတယ်..

ဝမ်ရိ​ပေါ်က ​ရှောင်းကျန့်တို့ရဲ့အတန်းကို စာဝင်သင်​နေတဲ့ ဆရာမဆီ စာရွက်တစ်ရွက်လာ​ပေးပြီး စကား​တွေလာ​ပြော​နေတာ..

ဆရာမနဲ့လည်း အ​တော်​လေး ရင်းနှီးတဲ့ပုံ..

"ဒါဆို သားနဲ့ အတူသွားမယ်​လေ.. တီချယ် အတန်းပြီးတဲ့ထိ ခဏ ​စောင့်​ပေးမလား.."

"ဟုတ်ကဲ့ ရပါတယ် ခင်မျ"

"ဒါဆို.."

ဆရာမက စကားကို တန်းလန်းဖြတ်ကာ အတန်းထဲ ခုံအလွတ်ရှာသလို X-Ray မျက်လုံးနဲ့ ​လေဆာ ​ရောင်ခြည်လွတ်​တော့.. ​ရှောင်းကျန့် ဇတ်​လေး ပုထားမိတယ်..

My WorldWhere stories live. Discover now