Unicode
"ပေသလူးလေး.. ကိုကို သွားရတော့မယ် လာပြီး နှုတ်ဆက်ပါဦး.."
အိမ်အပေါက်ဝကနေ ကိုကိုက တစ်စာစာ ခေါ်နေပေမယ့် ရိပေါ်က ဆိုဖာပေါ်ကနေ ခေါင်းထောင်မကြည့်မိပါ..
အကြာကြီး အတူနေလာခဲ့တာ.. ညအိပ်ညနေ မခွဲဖူးတော့ ကိုကို ထွက်သွားမယ့် မြင်ကွင်းမျိုး သူမကြည့်နိုင်..
အရမ်း ဝမ်းနည်းတာပဲ..
"ကလေးလေး.."
ဘယ်လိုမှ ခေါ်လို့မရတဲ့ နောက်မှာတော့.. သခင်ဖြစ်သူကပဲ ဝက်ဝံနီနီလုံးလုံးလေးနားသို့ ချဥ်းကပ်ရတော့သည်။
ဆိုဖာ ထိုင်ခုံပေါ်မှာ မျက်နှာဖွက်ပြီး အိပ်နေရှာတဲ့ အကောင်ပေါက်က နီနီလုံးလုံးလေး..
ဝမ်းနည်းပြီး မလှုပ်မယှက် အိပ်နေရှာတာ..
ရှောင်းကျန့်က အိပ်နေတဲ့ အကောင်ပေါက် ဘေးသို့ ဝင်ထိုင်ပြီး စိတ်ကောက်နေတဲ့ အနီလုံးလေးကို ပေါင်ပေါ်သို့ ယူတင်လိုက်သည်။
ဝက်ဝံနီလေးရဲ့ အမွှေးလေးတွေက နူ့ညံ့နေပြီး မွှေးရနံ့လည်း ထုတ်နေပေးသေးတာ.. သိပ်ကိုထူးခြားတဲ့ အနီလုံးလေးက ချီပြီးရင် လက်ပေါ်က မချနိုင်အောင် ချစ်မွှေးနဲ့ ပြည့်စုံပြန်ပါတယ်..
"အသက်ပူးလေးက ကိုကို့ကို စိတ်ကောက်နေတာပဲ..
မဖြစ်မနေသွားရမယ့် ခရီးမို့ အန္တာရယ် မဖြစ်အောင် ထားခဲ့တာပါ.."
ကိုကိုက ထိုသို့ ဆိုရင်း ရိပေါ်ကို ရင်ခွင်ထဲပွေ့ပိုက်ထားပါတယ်.. ဝမ်းနည်းရပေမယ့် ခရီးသွားမယ့် ကိုကို့ကို စိတ်မကောင်း မဖြစ်စေချင်တာကြောင့် ဖွက်ထားတဲ့ မျက်နှာကို ဖော်ပြီး ကိုကို့ မေးစေ့ အိအိလေးကို ဖွဖွလေး ကိုက်ပေးလိုက်၏။
ပြီးတော့ ကိုကို့ ရင်ဘတ်ပေါ် ခေါင်းလေး မှေးတင်ပြီး ငြိမ်နေလိုက်သည်။
"အမလေးဗျာ ဒါက စိတ်ကောက်ပြေတာပေါ့.. အသည်းအသက်ရယ်..
ခင်များလေးက လူတွေထက် ဥာဏ်ပိုကောင်းလွန်းတာ.. ချစ်လိုက်တာ.. ဒီပိစိကွေးလေးကို.."