1.8K 197 7
"ဟူး calm calm calm... ဟုတ်ပြီ ရပြီ ရ​တော့မယ်.. calm down.."
ခြံဝန်းကျယ်ကျယ် မြက်ခင်းစိမ်းစိမ်း အလယ်ရှိ တစ်ထပ် သစ်သားအိမ် ပုပု​သေး​သေး​လေးရဲ့  ​ရေချိုးခန်းထဲမှ ထွက်​ပေါ်လာတဲ့ အသံ ဖြစ်သည်။
"ရ​​တော့မယ် ရိ​ပေါ် ရာ ကြိုးစားစမ်းပါ.."
​ရေချိုးခန်း အလယ်မှာ​တော့ အသက်ဝင်​နေတဲ့ အနီ​ရောင် Teddy Bear ကြီး က ​နေရာယူထားသည်
အနီ​ရောင် အ​မွှေး​တွေနဲ့ ချစ်စရာ မျက်လုံး နီနီ​လေး​တွေ ပိုင်ဆိုင်ထားတဲ့ လူတစ်ရပ်စာ ဝက်ဝံနီကြီးက ​ရေချိုးခန်းအလယ်မှာ ကို့ယို့ကားယား အ​ခြေအ​နေ..
ရိ​ပေါ်.. သူ့နာမည်က ဝမ်ရိ​ပေါ်.. သူက ​မှော် ဝက်ဝံနီ မျိုးရိုး.. ​မှော်အစွမ်းနဲ့ ပုံသဏ္ဍန် ​ပြောင်းလဲနိုင်တဲ့ ဝက်ဝံနီ​လေး​ပေါ့.. သစ်ပင် ​ကျောက်တုံး လူပုံစံ.. ပုံစံမျိုးစုံ ရိ​ပေါ်က ​ပြောင်းလို့ရပါသည်..
 အခုဆို သူ့အသက်က တစ်ရာ ပြည့်​တော့မည်..
အသက်တစ်ရာ ဆိုတာ သူတို့ ဝက်ဝံနီ​တွေအတွက်​တော့ လူပျို​ဖော် ဝင်ခါစ ပဲရှိပါ​သေးသည်..
ပါပါး မာမား တို့နဲ့ ​မှော်နီ​တော ထဲမှာ ​အေးချမ်းစွာ ​နေထိုင်ခဲ့​ပြီး မျက်လုံးနီနီ​လေး​တွေနဲ့ ချစ်စရာ ဝက်ဝံနီ​လေးက ​မှော်နီ​တောမှာဆို အလိုလိုက်ခံ အချစ်ခံ​လေး.. အ​စေခံ အထိန်း​တော် သူငယ်ချင်း​တွေကို ဗိုလ်ကျတတ်တဲ့ အဆိုး​လေး​ပါ..
ပါပါး မာမား ရင်ခွင်ထဲဝင်ပြီး အမြဲ ပျင်း​နေတတ်တဲ့ ငပျင်း​လေး​လည်း ဖြစ်ပါသည်..
​မှော်နီ​တော ဆိုတာ​လေး ရှင်းပြမယ်.. ရိ​ပေါ်တို့က ​​မှော်နီ​တောဆိုတဲ့ ​မှော်အစွမ်း​တွေ ဖုံးလွှမ်း​နေတဲ့ အနီ​ရောင် ​တောအုပ်က​လေး​မှာ ​နေတာပေါ့.. ဒီ​တောင်​ပေါ်မြို့​လေးရဲ့ အ​ရှေ့ဘက် သစ်​တောထဲမှာ ရှိတယ်.. အဲ.. လူ​တွေ​တော့ မြင်ရမှာ မဟုတ်ဘူး.. ဘာလို့ဆို ​ဝက်ဝံနီ​ခေါင်း​ဆောင်ဖြစ်တဲ့ ပါပါးက သူ့အစွမ်း​တွေနဲ့ ဖုံးလွှမ်းထားတာ​ကြောင့်​လေ..
လိုတာရ​နေတဲ့ ဘဝနဲ့ ​နေရတဲ့ ဝက်ဝံနီမင်းသား​လေး ရိ​ပေါ်က ​နေရင်းနဲ့ပဲ ပျင်းရိလာခဲ့​တော့.. တစ်ခုခုကို စူးစမ်းဖို့ ကြံဆ​တော့သည်..
My WorldWhere stories live. Discover now