Adorable Mistake 5

1.4K 213 1
                                    

တစ်ညတာ အတူ ကုန်ဆုံးခဲ့တဲ့ ​နောက်မှာ ​ရှောင်းကျန့်နဲ့ ဝမ်ရိ​ပေါ်ရဲ့ ဆက်ဆံ​ရေးဟာ.. တိုးတက်လာခဲ့ပါတယ်..

ဘယ်​လောက်ထိ တိုးတက်လာလည်း ဆိုရင်..

မနက်ခင်း ဆုံတဲ့အခါ.. ဝမ်ရိ​ပေါ်က ပြုံးပြတိုင်း ​ရှောင်းကျန့်က ​ခေါင်းပြန်ညိမ့်ပြပါတယ်..

​နေခင်း​တွေ့​တော့.. ဝမ်ရိ​ပေါ်က ​ခေါင်းညိမ့်ပြပြီး.. ​ရှောင်းကျန့်က ပြန်ပြုံးပြတယ်..

​​ကျောင်းဆင်းချိန် ​​တွေ့တဲ့အခါမှာ​တော့.. နှစ်​ယောက်လုံး ​ခေါင်းညိမ့်ရမလို.. ပြုံးရမလို နဲ့ ပြီးတယ်..

ဒီ​လောက်ထိ ဒီ​လောက်ထိ အများကြီး တိုးတက်လာပါတယ်..

​ဘေးက အမြဲပါတဲ့ ကျန်းချန်ကို ​လောကကြီးအား စိတ်ကုန် သွား​စေတဲ့ထိ တိုးတက်လာ​ပါတယ်..

##########

"​ဆေးလိမ်း​တော့ ကျန်းချန်"

ကျန်းချန်က တစ်ကိုယ်လုံး အဖုအပိန့် ​တွေ ထ​နေတယ်..

မှတ်မှတ်ရရ ဝမ်ရိ​ပေါ် လာအိပ်တဲ့ ညမှာ ကျန်းချန်က အ​ဆောင်ပြန်မလာခဲ့တာ..

​နောက်​နေ့ပြန်​ရောက်လာ​တော့ တစ်ကိုယ်လုံး နီရဲပြီး အပိန့်​တွေ ထွက်​နေတယ်..

​ရှောင်းကျန့်က ဘာဖြစ်တာလဲ ဆို​တော့ ​ရှောင်းကျန့်ကို ဆဲ သွား​သေးတာ..

အရိုင်းအစိုင်း သူငယ်ချင်းကို မ​ခေါ်ချင်လို့ ပစ်ထား​ပေးမယ့် အကြာကြီး​တော့ မထားရက်ပြန်ပါဘူး..

"မင်းလာလိမ်း​ပေး​လေ.. ချီး သူငယ်ချင်းရဲ့"

"ကျန်းချန် မင်းအခုတ​လော ဘာဖြစ်​နေတာလဲ.. ငါ့ကို အ​ကြောင်းမဲ့ ပြသနာရှာ​နေတယ်.."

"​အော်.. အဲ့ဒါ​တော့ သိတယ်​​ပေါ့​လေ.. ငါအခုဘယ်သွားမှာလဲ.."

"..."

"​ဖြေ​လေ.. ဒီမျက်နှာ ကြီးနဲ့ ဘယ်သွားရမှာလဲလို့.."

"မင်းဘာသာမင်း.. ​ကောင်မ​လေးနဲ့ သွား​တွေ့မှာ​လေ.. ငါ့နဲ့ မဆိုင်ဘူး ထင်တာပဲ.."

ကျန်းချန်မှာက ငယ်ငယ်​လေးကတည်းက သ​ဘောကျ​နေတဲ့ ​ကောင်မ​လေး ရှိတယ်.. ဒီ​ကောင် တစ်ချိန်လုံး တ "မ" တည်း "မ" ​နေခဲ့တာ..

My WorldWhere stories live. Discover now