"ရှောင်းကျန့်.. ဒီနေ့မှပဲ တွေ့ရတော့တယ်..""ဟုတ်တယ်.. ဖျားနေတာနဲ့.."
ကျောင်းခန်းထဲမှာ လာရောက်နှုတ်ဆက်တဲ့ သူငယ်ချင်း.. အခုက အတန်းချိန် ပြီးလို့ နေ့လည်စာစားချိန်ပင် ရောက်နေပါပြီ..
ကျန်းချန် မွေးနေ့ပြီးကတည်းက ဖျားနေတဲ့ ရှောင်းကျန့်က သုံးရက်ဆက်တိုက် အတန်းပျက်လိုက်ရပြန်တာ..
အရက်ကောင်းကြိုးပေါ့.. ဘဝမှာ တွေးတောင်မကြည့်ဖူးတဲ့ အဖြစ်အပျက်တွေက အရက်သောက်ဖူးတဲ့ ပထမဆုံး ညမှာပဲ ဖြစ်ပျက်ခဲ့တာ..
ကျောင်းမှာဆို ရှောင်းကျန့်က လူအေး စာရင်းဝင်.. အေးအေးဆေးဆေးနဲ့ ရည်းစားအရှုပ်အရှင်း ကင်းလွန်းတဲ့သူ့အတွက် ဒီအဖြစ်အပျက်ကြီးက သိပ်ကို ရှက်စေတာပဲ.. ပိုဆိုးတာက သူမှတ်မိနေတဲ့ အဲ့ဒီ ပုံရိပ် အပိုင်းအစတွေ..
"ကျန်းချန်ရော.."
"ဒီအချိန်လစ်တယ်တဲ့လေ.. canteen မှာ ရောက်နေရောပေါ့.."
သတင်းမေး သူငယ်ချင်းကို ပြန်ဖြေပြီး ပစ္စည်းတွေအကုန်သိမ်းကာ နေရာမှ ထလာခဲ့သည်။ စာသင်ခန်းအတွင်းမှာ ရှောင်းကျန့် ထိုင်တဲ့နေရာက အတန်းရဲ့ နောက်ဆုံးမှာ.. ရှေ့ဆုံးတန်းကအနိမ့်ဆုံး ဖြစ်ပြီး တစ်ဖြည်းဖြည်း မြင့်တက်သွားရာနေ နောက်ဆုံးခုံက အတန်းရဲ့ အမြင့်ဆုံးနေရာ ဖြစ်တယ်..
အနီးမှုန်ပြီး မျက်စိအားနည်းလွန်းတဲ့ သူ့အတွက် နောက်ဆုံးခုံက ဆရာရဲ့ stage စင်နဲ့ projector ကို မြင်ရတဲ့ အကောင်းဆုံးနေရာပဲ..
အခန်းအပြင်ရောက်တာနဲ့ လေးထပ်ဆောင် က ဆင်းဖို့ elevator ဘက်ထွက်လာခဲ့တယ်.. ကျောင်းသား ကျောင်းသူတွေ ခြေရှုပ်နေတဲ့ ကော်ရစ်တာ တစ်လျှောက်မှာ ခပ်မှန်မှန် လမ်းလျှောက်နေရာကနေ ဓါတ်လှေကားနား ရောက်ခါနီးမှာ သူ့ခြေလှမ်းတွေ တုံ့ကနဲ ရပ်သွားရတယ်..
ဝမ်ရိပေါ်.. ဓါတ်လှေကားမျက်စောင်းထိုးက ကော်ရစ်တာ ထောင့်ချိုးမှာ မတ်တပ်ရပ်နေတဲ့ ဝမ်ရိပေါ်နဲ့ လက်ဆောင်ဝိုင်းပေးနေတဲ့ ကောင်မလေးတွေ..