အခန်း (၂)

4.7K 460 14
                                    

မမကြီးပြောသည့် ဒင်နာဆိုတာ သူထင်ခဲ့တာက ကိုကြီးနိုင်ရဲ့ ဂျူနီယာ လေးငါးယောက်လောက်ပဲဟုထင်ခဲ့ပေမဲ့ သူထင်တာနဲ့တက်တက်စင်အောင်လွဲသွားလေသည်။
ဒင်နာမဟုတ်ပဲ ပါတီတဲ့လေ ပါတီတဲ့။

လူးလားခတ်နေသော လူတွေကြည့်ကာခေါင်းမူးလာသလို စိတ်ထဲမှာလည်းနေရထိုင်ရခက်လာသည်။ နဂိုထဲကအေးရာအေးကြောင်းနေတတ်သူမို့လို့ ဒီလိုမျိုးတွေကိုလည်း သိပ်မနှစ်သက်သလို သွားရတာလည်းမကြိုက်တာကြောင့် ဖိတ်မှာစိုးလို့ ကိုယ့်ဘာသာ low key လေးနဲ့နေနေတာလေ။

ကိုကြီးနိုင်က အကြီးတန်းလေယာဉ်မှူးတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ပါတီဟာ လူစည်သလို တော်တော်များများဟာ စီနီယာ ဂျူနီယာတွေချည်းပါပဲ။

"လာဦး လာဦး မီးငယ်လေး ဒါကကိုကြီး ဂျူနီယာလေးတွေ မိတ်ဆက်ပေးဦးမယ် ဒါက အစ်ကို့ညီမလေးလေ အငယ်ဆုံးပေါ့ ကျန်တဲ့သူတွေကတော့ အိမ်ထောင်ကျသွားကြပြီ သူပဲကျန်တော့တာ"

ဘုရားရေ..ကိုကြီးနိုင်ဟာလေ ကိုယ့်ညီမကိုဘယ်လိုများ။

ဂျူနီယာဟူသော အမျိုးသားတော်တော်များများနှင့် အမျိုးသမီး အနည်းငယ်ဟာ လေယာဉ်မှူး/ လေယာဉ်မောင်/မယ် ပီသစွာ စမတ်ကျသလို ရုပ်ရည်တွေကလည်းကြည့်ကောင်းပြီး ရှည်လျားသောအရပ်တွေရှိကြတော့ ငါးပေလေးလက်မသာသာရှိသော နွေငုဝါရဲ့အရပ်ကသူတို့ကြားမှာ ပုနေသလိုလိုပင်။

"တွေ့ရတာဝမ်းသာပါတယ်"

အားလုံးနှုတ်ဆက်စကားပြောမိကြသလို တစ်ဦးချင်းစီအကဲခတ်ရမှုအရ အကုန်လုံးဟာ ရုပ်ရည် အရပ်အမောင်း အင်း အလုပ်အကိုင်ရောပေါ့.. ကောင်းလွန်းပါသည်။ သို့သော်လည်း နွေငုဝါဆိုသော သူက တစ်ယောက်ကိုမှ သဘောမကျနေတာကြီးကတော့ ရွေးလွန်းသည်ဟုဆိုလေမလား။

"ဟယ်လို အစ်ကိုကြီးနိုင်"

"အိုးမိုင်ဂေါ့ မင်းသမီးလာပြီဟေ့ နောက်ကျလှချည်လား သျှင်းမြတ်ရေ"

"ဟယ်လို အစ်မသျှင်းမြတ်"

သူ့ရဲ့အစ်ကိုရော ဘေးနားကလူတွေပါ ထိုမိန်းမအပေါ်အာရုံစူးစိုက်မှုတွေရောက်သွားတော့ ပထမဆုံးအကြိမ်ဖြစ်ပေါ်လာသော စပ်စုလိုစိတ်အရ ထိုမိန်းမကိုသေသေချာချာကြည့်မိသွားသည်။

You And IWhere stories live. Discover now