အပိုင်း (၁၆)

4K 424 13
                                    

တစ်စုံတစ်ယောက်စီကနေ သစ္စာဖောက်ခံရတဲ့အခါ..အဲ့ဒီတစ်စုံတစ်ယောက်ဟာ ကိုယ့်ရဲ့ဆိုးတူကောင်းဖက် အရာရာဖြစ်နေခဲ့တဲ့အခါမှာ တကယ်နာကျင်ရမယ်ဆိုတာကို တွေးမိရုံနဲ့တင် ငုဝါအသက်ရှုရပ်မတတ်ခံစားရသည်။

မမကြီးရဲ့ ပြဿနာတွေကို အစအဆုံးဘေးနားကနေသိနေရတော့ ကာယကံရှင်ဟာဘယ်လောက်ခံစားရမလဲ။ ငုဝါဆိုရင်ရော ဆိုပြီးတွေးမိတော့ သျှင်းမြတ်ကိုမြင်ယောင်မိသလို သစ္စာမဖောက်နဲ့လို့သတိပေးစကားကိုပြောထားမိတော့ စိတ်တွေကိုမနှစ်မိအောင်နေရမည်။

ကိုစိုးနိုင်နှင့်မမကြီးကတော့ သားသမီးကြောင့်ဆိုသည့် အကြောင်းပြချက်ကြောင့်ရယ် တခြားငုဝါမသိနိုင်သော အကြောင်းပြချက်ရယ်တွေကြောင့် မကွာရှင်းဖြစ်ကြသလို ယောကျာ်းတစ်ယောက်ရဲ့ကတိအထပ်ထပ်ကြားမှာ မမကြီးကတော့ ယုံကြည်နေလေလားမသိ။

မမလေးကတော့ ကြိတ်မနိုင်ခဲမရ စိတ်တွေဆိုးနေပေမဲ့လည်း ဘာတတ်နိုင်မည်နည်း။ ကိုကြီးကတော့ ယောကျာ်းဆိုတာ တစ်ခါလောက်တော့မှားတတ်ကြတယ်တဲ့။ ငုဝါကတော့ သူ့အကျင့်အတိုင်း ရေငုံနှုတ်ပိတ်ကာ ဘာမှမပြောမိခဲ့။

"သူတို့ကြားမှာ သံသယတွေနဲ့ဘဝဆုံးတဲ့အထိ အသက်ရှင်နေရတော့မှာမလား"

တင်းကြပ်စွာဖက်ထားလို့ ပူးကပ်နေသည့် အဝတ်မဲ့ခန္ဓာကိုယ်နှစ်ခုဟာ ပူနွေးနေသလို အနည်းငယ်လည်း နွမ်းလျလို့နေသည်။ ပခုံးလှလှမှာ ထင်းလင်းစွာတည်ရှိနေသော ညှပ်ရိုးတွေကို လက်ညှိုးဖြင့်အသာထိတွေ့ပြီး မျည်းဆွဲသလို ညှပ်ရိုးတစ်လျှောက်ကိုပွတ်ဆွဲရင်း စကားဆိုပြီတော့ သျှင်းမြတ်ရဲ့ အနမ်းနွေးနွေးဟာ နဖူးပြင်ပေါ်ကိုကျရောက်လာသည်။

"မပြတ်သားနိုင်သရွေ့ သံသယနဲ့မယုံကြည်မှုတွေကြားမှာ အမြဲတမ်းလုံးချာလည်နေမှာပဲ ဖြေရှင်းနည်းကနှစ်ခုပဲရှိတယ် အမှားကိုခွင့်လွှတ်ပြီးမျက်စိစုံမှိတ်ယုံကြည်လိုက် နောက်တစ်ခုက နာကျင်ရတာကိုခံစားပြီးတော့ ပြတ်သားလိုက် အချိန်ကကုစားပေးလိမ့်မယ်"

"ထပ်ပြီး သတိပေးမယ် အကယ်၍နောက်တစ်ယောက်ရှိလာတော့မယ်ဆိုရင် ကျွန်မကိုကြိုပြောပါ သံသယတွေနဲ့ရှင်သန်နေရတဲ့ဘဝကို ကျွန်မမုန်းတယ်"

You And IWhere stories live. Discover now