အခန်း (၉)

4.6K 443 6
                                    

"ဘေဘီ အကြိုက်ဆုံးအရောင်က ဘာအရောင်လဲ"

"Light Blue"

"အာ..cool colour ကိုကြိုက်တာလား"

"အင်း"

Hall type ပုံစံဖြစ်နေသော အိမ်အနောက်ဖက်ကအခန်းကျယ်ဟာဆိုရင် ဆိုဖာဆက်တီတစ်စုံကလွဲရင် ဘာမှမချထားသလို ဒါဟာနွေငုဝါရဲ့ အလုပ်လုပ်ရန် အပိုင်စီးထားသော အခန်းဖြစ်သည်။ တစ်ထပ်တိုက်လေးဆိုပေမဲ့ အိပ်ခန်းနှစ်ခန်း ဧည့်ခန်း ဘုရားခန်း စတိုခန်း မီးဖိုခန်းနှင့် ရေချိုးခန်းအိမ်သာတွဲလျက်အခန်းကိုပါ အပိုအဖြစ်ထည့်သွင်းထားသေးသည်။

ဒီအခန်းကတော့ အနောက်ဖက်တွင်ရှိသလို စတိုးခန်းအဖြစ်သုံးဖို့ဆိုပေမဲ့လည်း ကျယ်ဝန်းကာ တံခါးဖွင့်ထားလျှင် လေလည်းဝင်သလို အဲကွန်းလည်းဖွင့်ရန်မလိုပေ။

မနက်ခင်းချက်ပြုတ်ပြီးစီးလို့ သန့်ရှင်းရေးဘာညာလုပ်ပြီးရင်း နှင်းဥတို့မြေးအဖွားဟာ ပြန်ကြတာမို့လို့ အိမ်မှာသူတို့နှစ်ယောက်ထဲပင်။ တစ်ခါတစ်လေကြတော့ သျှင်းမြတ်ဟာကိုယ့်ဘာသာ ရုပ်ရှင်ကြည့် ဂိမ်းဆော့ လုပ်စရာရှိသည့်အလုပ်တွေလုပ်ရင်းနေတတ်သော်လည်း တစ်ခါတစ်လေကြတော့ နွေငုဝါအလုပ်လုပ်သည့်အခန်းကိုသွားကာ ဆိုဖာပေါ်မှာလှဲရင်း နွေငုဝါကိုထိုင်ကြည့်တတ်သည်။

1980 နှင့် 2000 ခုနှစ်အကြားသီချင်းတွေကို နေ့စဉ်ကြားရတော့နားယဉ်လာသလို ခပ်ကြမ်းကြမ်းဂီတသံတွေ DJ တွေထက် ဒါကိုတောင်နှစ်သက်မိသလိုလို။

အလုပ်လုပ်နေရင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်သော နွေငုဝါက သျှင်းမြတ်တလူတစ်ယောက် ဆိုဖာပေါ်ကနေလှဲလျက်သား သူ့ကိုကြည့်နေတာတောင်မှ အေးဆေးစွာပင်။ ဘာကြောင့်လဲ ဘာကြည့်တာလဲလို့တောင်မမေးသလို သူ့ရဲ့အရောင်တွေကြားမှာပဲနစ်မြုပ်လို့နေတတ်သည်။

သျှင်းမြတ်အနေဖြင့်လည်း ဘာကြောင့်ဆိုပြီး အကြောင်းပြချက်ရယ်လို့ တိတိကျကျမရှိပါပဲနှင့် ဒီလိုလေးငေးကြည့်ရတာကို ဂိမ်းဆော့ရတာ ရုပ်ရှင်ကြည့်ရတာထက်ကိုပို၍နှစ်ခြိုက်မိနေသလိုပင်။

ဘယ်လိုမျိုးလဲဆိုတော့ သူတွေ့ကြုံနေကြလေယာဉ်ပေါ်ကမြင်ကွင်းတွေလိုပေါ့။ တိမ်မျှင်တွေ ကောင်းကင်ပြာ အစိမ်းရောင်တောင်တန်းများ အပြာရောင်ရေပြင်များ အရောင်လှလှတွေပေါ့။ ဘဝမှာဒီလိုမြင်ကွင်းတွေကိုငေးရတာကြိုက်လို့ လေယာဉ်မှူးအဖြစ်အလုပ်လုပ်ခဲ့တာပင်။

You And IWhere stories live. Discover now