အခန်း (၁၀)

4.5K 455 10
                                    

"တကယ်ကြီး သွားမလို့လား"

"ဘာလို့လဲ တို့ကနောက်နေတဲ့ပုံပေါ်လို့လား"

ဆိုဖာပေါ်ကိုလက်ထောက်ကာ နွေငုဝါကိုပြုံးစေ့စေ့ကြည့်နေသော ထိုမိန်းမဟာ ကုပ်ပစ်ချင်စရာပင်။ လူကိုမထိတထိစလိုက်နောက်လိုက် အီစီကလီစကားတွေပြောလိုက် တစ်ခါတစ်လေကြပြန်တော့လည်း နှစ်ယောက်သား စကားကိုကောင်းကောင်းပြောဖြစ်ကြသလို စားချင်တာတွေဝယ်စားလိုက်နှင့် ဘဝဟာအတော်လေးကိုနေပျော်နေသလိုပင်။

တို့တွေ့ခရီးသွားကြရအောင်ဟု အရင်ရက်ကပြောခဲ့သော စကားကို နွေငုဝါကအတည်မထင်ပဲနောက်နေသည်ဟုထင်ခဲ့သည်။ ယခုကြတော့မှ တကယ်သွားမည်တဲ့လေ။

"ဘာလို့ အဲ့ဒီနေရာလဲ ထူးထူးဆန်းဆန်း"

"အမှန်အတိုင်းပြောရရင်တော့ တို့တွေ့ချင်နေတဲ့သူရှိလို့ရော အညာဒေသဖက်တွေကို တို့ကမရောက်ဖူးဘူးလေ ဘေဘီရောရောက်ဖူးလား ကိုယ်သိသလောက်တော့ ဒီအချိန်ဆို အညာဖက်မှာ လက်ပံတွေပွင့်လောက်ပြီထင်တယ် နွေဦးဆိုတော့ တချို့တွေလည်းရွက်ကြွေတွေဖြစ်လောက်ရောပေါ့ သရက်တွေလဲဖူးပြီ နွေဦးမှာအညာဒေသကအရမ်းလှတယ်တဲ့ ဘေဘီလဲအရောင်တွေကိုစိတ်ဝင်စားတယ်ဆို လိုက်ကြည့်သင့်တယ်"

"နေပါဦး ရှင်တစ်ခါမှမရောက်ဖူးပဲ အဲ့ဒေသကအဲ့လိုပါလို့ ဘယ်လိုသိလဲ"

"စာအုပ်ထဲကနေလေ ဘေဘီကလည်း ရောက်ဖူးမှလား စာအုပ်တွေ social media တွေမှာ ဓာတ်ပုံတွေ သရုပ်ဖော်ကျူးထားတာတွေတွေ့နေရတာပဲကို"

"သွားတာကဟုတ်ပါပြီ ရှင်ကဘယ်လိုသွားမှာလဲ စီစဉ်ပြီးပြီလား"

"စိတ်ချပါ တို့ကအမြဲခရီးသွားနေရတဲ့သူပါ ပြီးတော့ ကားမောင်းလဲကျွမ်းပါတယ် ဘေဘီကတော့အိပ်လိုက်ရုံပါပဲ"

သျှင်းမြတ်တလူ၏ ဘေဘီဆိုသည့် အခေါ်အဝေါ်ကိုလည်းနွေငုဝါတစ်ယောက်ကျင့်သားရလို့နေသည်။ နေ့စဉ်နှင့်အမျှကြားနေရသော ဘေဘီဘေဘီဆိုသည့်စကားအခုတော့ နားရည်ဝလို့တောင်နေသည်။

"တို့လည်း လကုန်ဆို လေယာဉ်ပြန်တက်ရတော့မှာလေ ခွင့်လဲကုန်ပြီဆိုတော့ အဲ့တော့တို့နှစ်ယောက်အတူတူ ခရီးတစ်ခုလောက်ထွက်မလားလို့"

You And IWhere stories live. Discover now