အခန်း (၁၄)

3.6K 394 8
                                    

လက်ဖဝါးဆီကနေရနေတဲ့ နွေးထွေးတဲ့အထိအတွေ့နှင့်လက်တစ်ဖက်က ငါရှိတယ်ဆိုတဲ့ အားအင်မျိုးပေးနေသလိုပင်။ ဘုန်းကြီးကျောင်းက မန်ကျည်းပင်တွေအရမ်းပေါတော့ ပင်စည်တွေကိုဝိုက်ပြီး ထိုင်စရာလုပ်ထားသော ရာသီဥတုပူလာပေမဲ့ မန်ကျည်းပင်ရိပ်ကအေးမြသည်။

ခပ်လှမ်းလှမ်း မီးဖိုကြီးတွေဖိုကာ ချက်ပြုတ်နေကြသော ရွာသားတစ်စုကိုကြည့်နေမိသည်။ အားလုံးကိုတော့မဟုတ်ဘူးပေါ့။ ဖျင်ထဘီနှင့် အင်္ကျီတစ်ပတ်နွမ်းကိုဝတ်ဆင်ကာ ဆံပင်ကိုတစ်ပတ်လျှိုထုံးထားသော ပိန်ပါးသောအမျိုးသမီးကိုကြည့်နေမိတာပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ဒေါ်တေးသျှင်ဟုခေါ်သော သူ့ရဲ့အမေပေါ့။ ငုဝါရဲ့လက်တွေက သူ့ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားပေမဲ့လို့ ကျန်သောတစ်ဖက်ကတော့ ဓာတ်ပုံခပ်သေးသေးကိုကိုင်ထားသည်။

နွမ်းလျကာ အိုမင်းဟန်ရှိနေသော အမျိုးသမီးဟာ ဓာတ်ပုံထဲက ရုပ်ကိုဖမ်းမိဖို့ အတော်လေးကိုအချိန်ယူခဲ့ရသည်။ တစ်ခုပါပဲ မျက်လုံးတွေ ဓာတ်ပုံထဲကရယ်မြူးနေသော မျက်ဝန်းတွေက ခပ်လှမ်းလှမ်းကနွမ်းလျနေသော သက်ကြီးပိုင်းအမျိုးသမီးနှင့်ထပ်တူကြသလို အရောင်တွေဟာမပြောင်းမလဲ။

"သူပျော်နေတယ်လို့ထင်လား"

"ထင်တယ် ဘာလို့လဲဆိုတော့ လူတွေရဲ့မျက်လုံးတွေကလိမ်လို့မရဘူး ကျွန်မကလူကဲခတ်တော်တယ်လေ"

"ဘာလို့လဲ"

"သူလိုချင်တဲ့ဘဝမို့လို့နေမှာပေါ့"

"နှိမ်ချတာမျိုးမဟုတ်ပေမဲ့ ဒီလိုလူနေမှုအဆင့်အတန်း ဒီလိုဘဝမျိုးက သူလိုချင်တဲ့ဘဝလား"

"လူတွေက ပူလောင်မှုတွေကြုံလာပါများလာတဲ့အခါ ငြိမ်းချမ်းရာကိုရှာကြတယ် တချို့ဆို သေခြင်းတရားကို ထွက်ပေါက်အဖြစ်အသုံးချတယ် ဒါပေမဲ့ သူကတော့ သူပျော်ရွှင်တဲ့ဘဝကိုရွေးတယ်"

"တို့ကိုတောင် စွန့်လွှတ်ပြီးတော့လား"

သျှင်းမြတ်ဘေးနားမှာကပ်လျက်ထိုင်နေတဲ့ နွေငုဝါကို ခေါင်းတစ်ချက်စောင်းကာ မျက်နှာကိုကြည့်ပြီးမေးလိုက်မိသည်။ နွေငုဝါရဲ့အကြည့်တွေက အေးဆေးတည်ငြိမ်နေသလို သူအမြဲရသော ငြိမ်းချမ်းခြင်းကိုပဲတွေ့ရသည်။

You And IWhere stories live. Discover now