အပိုင်း (၂၁)

3.8K 385 6
                                    

"ဘေဘီ ဘာလုပ်နေလဲ.."

"ဘာမှမလုပ်ဘူး drama ကြည့်နေတာ Netflix ကနေ"

"အင်း ဒီဖက်က မိုးနည်းနည်းရွာနေတယ်"

"ဟုတ်လား ဒါဆိုလေယာဉ်ကအဆင်ပြေပါ့မလား"

"ပြေပါတယ် ရာသီဥတုကအဲ့လောက်ဆိုးတာမဟုတ်ပါဘူး ဒီတိုင်းပဲ တောတောင်တွေများတော့ မိုးရွာတာပေါ့
ဒီဖက်က ရာဘာတောတွေ ကွမ်းခြံတွေကတကယ်စိမ်းလန်းနေတာပဲ"

"နောက်ကျရင် အတူတူသွားကြည့်ကြမယ်လေ"

"ကားနဲ့သွားမှပိုလှမယ်ထင်တယ်..flight နဲ့ဆို အပေါ်ကနေပဲမြင်ရတာဆိုတော့ ခဏလေးပဲ ကားလမ်းကပိုလှတယ်လို့ပြောတယ်"

"အင်း လမ်းခရီး ဘေးကင်းပါစေနော်..လွမ်းတယ်"

ဖုန်းထဲကရယ်သံသဲ့သဲ့ဟာ ကျေနပ်စွာရယ်မောနေသော အသံဆိုတာသေချာလို့နေသည်။ ငုဝါလည်း ရယ်သံကြောင့်ပြုံးမိသလို စိတ်ချမ်းသာမှုအပိုင်းအစတွေဟာ ရင်ထဲတိုးဝင်လို့ပေါ့။

"အံ့ဩပါရဲ့ မနက်ကပဲထွက်သွားတယ် နောက်နာရီပိုင်းဆို ပြန်ရောက်တော့မှာကို နင်တို့ကိုငါကြည့်လို့မရတော့ဘူး"

"ရှာလိုက်ပါ သူငယ်ချင်း ခံစားဖူးသွားပါလိမ့်မယ်"

"အိုးဟိုး အရင်တုန်းကတော့ မချစ်တတ်ဘူးတို့ အချစ်ကို မယုံကြည်ဘူးတို့ နင်အာပလာတွေလျှောက်ပြောနေတယ်လို့ပဲ ငါထင်တယ်"

ရွှေရည်အားသည့်အချိန်လေးကို အမိအရဆွဲခေါ်ခံရကာ နှစ်ယောက်သားဒိတ်ကြမယ်ဆိုပြီး ခေါ်လာခံရတော့ မတတ်သာပဲလိုက်လာရသည်ဆိုပေမဲ့လို့ ဂုန်းဆင်းရတာကတော့ ပျော်စရာကောင်းသည်လေ။

သျှင်းမြတ်ကတော့ ပြည်တွင်းခရီးစဉ်တွေကိုပြောင်းလဲလိုက်ပြီမို့လို့ အရင်ကလိုညအိပ်ခရီးတွေမဟုတ်တော့ပဲ နေ့ချင်းပြန်တွေပဲများသလို တစ်ပတ်ကိုမှ သုံးခေါက်လောက်ပဲဆိုတော့ ငုဝါအနားမှာ အမြဲလိုလိုနေနိုင်သည်။

"လျှောက်ပြောတာမဟုတ်ပါဘူး တကယ်မယုံပါဘူးဆို ဒါပေမဲ့ သျှင်းမြတ်ကိုယုံတာ..ဘယ်လိုရှင်းပြရမလဲငါလည်းသေချာတော့မသိဘူး ဒါပေမဲ့ဟာ သူ့အတွက်ပဲ သီးသန့်ဖြစ်တည်နေတာမျိုး ဒါမျိုးခံစားချက်က အချစ်ထက်ကို ပိုလေးနက်တယ်ထင်တယ် မငြီးငွေ့သွားသလိုမျိုး အနားမှာရှိတဲ့အခါတိုင်း သူ့ကိုမြင်တိုင်းစိတ်ချမ်းသာသွားရတာမျိုး တကယ်ကြီးကိုလေးနက်လွန်းတယ်"

You And IWhere stories live. Discover now