Chap 1.1 ကပ်ဘေးအဆုံးသတ်ပြီးနောက် ကမ္ဘာသစ်

1.3K 134 4
                                    


UNI

ဖျက်ဆီးစွမ်းအားပြင်းထန်သောဥက္ကာပျံမိုးများရွာသွန်းပြီးနောက်၊ အမည်မသိဒြပ်စင်များသည် တိရိစ္ဆာန်များ၊ သာမန်မျက်စိဖြင့်မမြင်နိုင်သော သက်ရှိများပေါ်တွင် သေစေလောက်သော ဗီဇပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီး မရေမတွက်နိုင်သော ကပ်ရောဂါများကို ဖြစ်ပေါ်စေခဲ့သည်။

၄ကပ်ရောဂါများအပြင် လူသားများသည် မျိုးပြောင်းတိရစ္ဆာန်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ခြိမ်းခြောက်မှုများသည် နေရာတိုင်းတွင် ပျံ့နှံ့နေပြီး တဟုန်ထိုးဖြစ်ပေါ်လာသောအဏုဇီဝဗီဇပြောင်းလဲမှုများက ဖျားနာမှုများ၊ ဘေးဥပါဒ်များအဖြစ် လူသားများကိုပုန်းကွယ်တိုက်ခိုက်လာသောကြောင့် လုပ်ငန်းများ၊ ကုန်ထုပ်လုပ်မှုများကို ရပ်နားလိုက်ရသည်

တစ်ချိန်ကလူစည်ကားသောမြို့များသည် မြို့ပျက်များဖြစ်သွားပြီး မြေသြဇာကောင်းသော မြေကွက်ကျယ်ကြီးများသည် လည်း ကျတ်တီးမြေများအဖြစ်ပြောင်းလဲသွားခဲ့သည်။

__________

Fang Zhao သည် ထိုဆန်းကြယ်သောကမ္ဘာပျက်ကာလတွင် သူဘယ်လောက်ကြာကြာ နေထိုင်ရုန်းကန်တိုက်ခိုက်ခဲ့ရလည်း သူ မမှတ်မိတော့

ကိုးဆယ့်တစ်နှစ်? ဒါမှမဟုတ် နှစ် 100 လောက် ဖြစ်မည်
သူ လုံးဝမမှတ်မိတော့ပေ

ကပ်ဘေးမဖြစ်ခင်က သူသည် အောင်မြင်ကျော်ကြားသော တေးရေးဆရာတစ်ဦးဖြစ်သည် သူ့ရဲ့အကောင်းဆုံးအနုပညာလို့ သတ်မှတ်ရမယ့် သီချင်းထွက်ခါနီးကျမှ ဒီစောက်ကိစ္စတြွေဖစ်လာတော့ အသက်ရှင်ဖို့အရေး သူတပ်ထဲဝင်ခဲ့ရတော့သည်

ကပ်ဘေးအတွင်းဆုံးရှုံးခဲ့ရသော နယ်မြေများ တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် ဒီစစ်ပွဲကြီး မကြာမီ ပြီးဆုံးပြီး သာယာဝပြောသောအချိန်များ ပေါ်ပေါက်လာတော့မည်ဟု လူတိုင်းယုံကြည်လာကြသည်။ ကံဆိုးစွာနဲ့ ထိုရောင်နီကာလ မရောက်ခင် သူလဲကျသွားသည်။

__________

"သေတဲ့အထိ တိုက်ပွဲဝင်ဖို့ သတ္တိမရှိရင် ဒီစစ်ပွဲက ကျိန်းသေပေါက် ကျဆုံးလိမ့်မယ်။"

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now