Chap 9 ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့

362 90 7
                                    

Uni

ထိုနေ့အချိန်၌ ပျင်းရိသောအရိုးများပင် နိုးထလာကြသည်။မနက်ပိုင်း အတန်းမတက်ရတဲ့ကျောင်းသားအများစုမှာ အွန်လိုင်းသုံးနေကြရာ ပို့စ်ကိုတွေ့၍နှိပ်ကြည့်လိုက်ကြသည်။
တစ်ချို့မှာလည်းဖွင့်ကြည့်ဖို့စိတ်မဝင်စားဘဲရောက်တတ်ရာရာသာလာရောက်ပြောဆိုချင်ကြသည်။

စ်တာလေးရဲ့စိတ်ကူး : "ဘယ်လိုသီချင်းမျိုးကများ မင်းကိုလှုပ်ရှားတတ်ကြွစေတာလဲ?"

အချောလေးရဲ့ အမိုက်စားသီချင်း : "Hehe, My Dear."

ရေကူးနေတဲ့ငါး : "ဘာ?"

အချောလေးရဲ့ အမိုက်စားသီချင်း : "ကိုယ်တိုင်သာရှာကြည့်လိုက်တော့မနက်စာစားဦးမှာမို့ငါဆင်းလိုက်ဦးမယ်။  နေ့လယ်ကျရင်လည်းအိပ်မက်နတ်ဘုရားနဲ့သွားတွေ့ဦးမှာမို့လို့။"

ကိုယ့်အချစ်လေး Mi Yu(မီယွိ) : "ခဏလေး! မင်းပြောတဲ့ အိပ်မက်နတ်ဘုရားဆိုတာ ငါတို့ကျောင်းက ထူးဆန်းတဲ့စိတ်ပညာဆရာကြီးယောက်ထဲကတစ်ယောက်လား?"

အချောလေးရဲ့အမိုက်စားသီချင်း : "အတိအကျပဲ။"

စ်တာလေးရဲ့စိတ်ကူး : "ငါသီချင်းကိုရှာကြည့်လိုက်ဦးမယ်။"

ရေကူးနေတဲ့ငါး : "ငါရောပဲ!"

ကိုယ့်အချစ်လေး Mi Yu : "ငါလည်းအတူတူပဲ !"

စကားဝိုင်းကို စောင့်ကြည့်နေတဲ့ အခြားသူများကလည်း နောက်ဆုံးတွင် သီချင်းကို နှိပ်ကြည့်လိုက်ကြသည်။  အိပ်မက်နတ်ဘုရား၏ အိပ်မွေ့ချတာကို ခံနိုင်ရည်ရှိစေတဲ့သီချင်းကို သူတို့လည်းသိချင်ကြသည်။

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now