Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား

266 17 2
                                    

Zawgyi

Fang Zhao : "ဒါဆို ကျွန်တော်တို့ ပုံရိပ်ယောင် အနုပညာရှင်(idol)ကရော ဘယ်လိုပုံဖြစ်သင့်တယ်လို့ထင်လဲ"

သူက ဒီ idolတွေနဲ့ ပတ်သက်ပြီး ခုချိန်မှာ လုံးဝလူသစ်တစ်ယောက်ပင်။ ကမ္ဘာမပျက်ခင်က ဒီလို ပုံရိပ်ယောင်အနုပညာရှင်တွေရှိခဲ့ဖူးတယ်ဆိုပေမဲ့ လက်ရှိအနေအထားနဲ့မတူပေ။ ယနေ့ခေတ် အနုပညာရှင်များက ရင့်ကျက်ပြည့်ဝသည့်ပုံစံမျိုးဖြစ်သည်။ထိုပုံစံနှစ်ခုထဲကတစ်ခုရွေးဖို့ရာ ခက်ခဲလှသည်။

Zu Wen ကထိုင်ခုံမှအလန့်တကြားခုန်ထကာ

"ကျွန်တော့ကိုမမေးနဲ့။ ကျွန်တော်က ပုံဖော်ပေးရတဲ့ နည်းပညာရှင်သက်သက်ပဲ။idol ရဲ့ ပုံပန်သဏ္ဍာန်နဲ့ပတ်သက်ပြီး ထုတ်လုပ်သူကပဲဆုံးဖြတ်ရတာ။ ထုတ်လုပ်သူပြောပြတဲ့ပုံစံပေါ်မူတည်ပြီး ဖန်တီးပေးရတာကသာ ကျွန်တော့်တာဝန်။ရှင်းရှင်းပြောရရင်ဗျာ ခင်ဗျား​လုပ်ခိုင်းတာကိုပဲ ကျွန်တော်ကလုပ်ရမှာ။ ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာကို ထုတ်လုပ်သူဖြစ်တဲ့ခင်ဗျားက ဆုံးဖြတ်ပေးရမှာ"

Zu Wen ကြည့်ရတာ ကြားညှပ်မခံချင်ပုံပင်။ထိုကဲ့သို့သောလေထုက ငွေတောင်ပံရဲ့ပုံရိပ်ယောင်အနုပညာရှင်ပရောဂျက်တစ်ခုလုံးကိုဝန်းရံထားသည်။သူ့အကြံပါဝင်သည့် ပရောဂျက်အရှုံးပေါသည်နှင့် သူလည်းဒုက္ခရောက်မည်ဖြစ်သည်။

ပလိပ်ရောဂါလိုပရောဂျက်ကို လူတိုင်းကခေါင်းရှောင်နေကြရာ idol ရဲ့သွင်ပြင်ကို ကိုယ်တိုင်သာဒီဇိုင်းဆွဲရတော့မည်ဖြစ်ကြောင်းသဘောပေါက်သွားသည်။ဒါကိုဘယ်သူမှကိုင်တွယ်ချင်ပုံမရပေ။

"တစ်ခြားကိစ္စမရှိတော့ရင် ကျွန်တော်ပြန်လိုက်ဉီးမယ်ဗျ"
Zu Wen က တာဝန်ကို အစီရင်ခံရင်းထုတ်လုပ်သူအသစ်ကို လာကြည့်ခြင်းသာဖြစ်သည်။

"မရှိတော့ပါဘူး။ခင်ဗျားပြန်ချင်ရင်ပြန်လို့ရပါပြီ။"

ခေါင်းဆောင်ကလွှတ်လိုက်သည်နှင့် Zu Wen သည် လျှပ်စီးလိုအလျင်နှင့်ပြေးထွက်သွားကာ  စာအုပ်ထဲဈာန်ဝင်နေသော Fang Zhao ကိုရှုပ်ပွနေသောရုံးခန်းထဲ၌ တစ်ယောက်ထဲထားပစ်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Nov 03, 2022 ⏰

Add this story to your Library to get notified about new parts!

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now