Chap 5 စွမ်းရည်သစ်ပြိုင်ပွဲ

361 79 1
                                    

Uni

အနုပညာရှင် အစစ်တွေဆီမှာ ရင်းနှီးမြှုပ်နှံကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စိတ်ပျက်သွားစေတဲ့အချက်မှာ ပုံရိပ်ယောင်အနုပညာရှင်တွေသည် အကျော်ကြားခဲ့ဆုံး အချိန်များမှဆုတ်ယုတ်လာခဲ့သော်လည်း နှစ်များစွာကြာသည့်တိုင်လုံးဝပျောက်ကွယ်သွားခြင်းတော့မရှိပေ ပုံရိပ်ယောင်အနုပညာရှင်များသည် တကယ့့်အနုပညာရှင်အစစ်များထက် ပေါ်ပေါက်ချိန်တိုတောင်းသည့့်တိုင် အနုပညာလောကတွင် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေဆဲဖြစ်သည်

ရထားပေါ်တွင်မြူးကြွသောတီးလုံးသံတစ်ခုပေါ်ပေါက်လာပြီး Fang Zhao ၏စိတ်အာရုံကိုနောက်တစ်ကြိမ်ဖမ်းစားသွားပြန်သည် ၎င်းတီးလုံးသည် ဟိုးရှေးပဝေသဏီက နာမည်ကြီးအနုပညာရှင်တစ်ယောက်၏ဂန္တဝင်လက်ရာတစ်ခုဖြစ်သည် ၎င်းကို စာသားမပါဘဲ တူရိယာသံချည်းသက်သက်ဖြင့်သာတီးမှုတ်ဖျော်ဖြေထားခြင်းဖြစ်သည်

Fang Zhao သည် မျက်လုံးကို မှိတ်လိုက်ပြီး သံစဉ်ထဲနစ်မြောနေလိုက်သည်

၎င်းသံစဉ်ကို အများပိုင်ပို့ဆောင်ရေးလုပ်ငန်းမှ ယာဉ်မောင်းများ တက်ကြွစေရန် အသုံးပြုလေ့ရှိကြသည် ၎င်းသံစဉ်သည် ယာဉ်မောင်းများကိုသာမက ခရီးသည်များကိုလည်း နှိုးဆော်နိုင်စွမ်းရှိသည် ထို့ကြောင့် အချို့က
' ထိုသံစဉ်သည် နည်းနည်းလေးနားထောင်ရုံဖြင့် အလုပ်လုပ်ရန်စိတ်အားတက်ကြွလာစေနိုင်သောကြောင့် ရုံးသီချင်းအဖြစ်သတ်မှတ်င့်သည် '
ဟုအရွှန်းဖောက်ကြသည်

ဂီတသံသည် ပြင်းရှသောစိတ်အားထက်သန်မှုနှင့် တက်ကြွလှုပ်ရှားသောပတ်ဝန်းကျင်ကိုဖန်တီးပေးနေသည် ခုံပေါ်မှခရီးသည်များမှာလည်း ချိတ်ထားသောခြေထောက်များကိုလှုပ်ခါ၍စည်းချက်လိုက်နေကြသည် စည်းချက်လိုက်သံများမြန်ဆန်လာသည်နှင့်အမျှ အိပ်ငိုက်နေသောသူများသည်လည်း စိတ်ဝိဉာည်များနိုးကြားလာကြသည်

တူညီသောသီချင်းကို နားထောင်ရင်း ခရီးသည်များတစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုကို ခံစားလာရသည်။

Superstars Of Tomorrow ( Myanmar Translation)Onde as histórias ganham vida. Descobre agora