Chap 6 အပြင်းအထန်ကြိုးစားရခြင်း

341 84 0
                                    

Uni

ငွေတောင်ပံလုပ်ငန်းစုသည် ယခုနှစ်တွင် အလုပ်သင် ၁၀ ဦးနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ မူလပိုင်ရှင်၏ အတန်းဖော်များဖြစ်သည်။  သူတို့အားလုံး အရည်အချင်းရှိကြပြီး  ပြိုင်ဆိုင်မှုလည်းပြင်းထန်သည်။

Fang Zhao သည် ဇယားကို ဆက်မကြည့်တော့ဘဲ ရှေ့ဆက်လုပ်ရမည့်အရာများကို စဉ်းစားနေသည်။

၁၀ ရက်ပဲ ကျန်တော့တယ်။  သူဘာလုပ်နိုင်မလဲ။
မူလပိုင်ရှင်သည်ဆက်တိုက်ဖြစ်လာသောထိုးနှက်မှုများနှင့်သာ လုံးလည်ချာလည်လိုက်နေပြီး စွမ်းရည်ပြိုင်ပွဲနှင့်ပတ်သက်၍ကြံရာမရဖြစ်ကာ အသံသွင်းဖို့လည်း သတိမရတော့ပေ။

သူ့ကိုယ်သူအနာတရဖြစ်အောင်လုပ်လိုက်သင့်လား? သေချာပေါက်လက်ခံမည်မဟုတ်ပေ။
ထိုသို့လုပ်လိုက်လျှင် မူလပိုင်ရှင် သိက္ခာကျလိမ့်မည်။ ကုမ္ပဏီကလည်း သက်ညှာမှုမရှိ ကန်ထုတ်မည့်အပြင် သူ့အလုပ်သင်ဘဝလည်း အဆုံးသတ်သွားမည်ဖြစ်သည်။

ငွေတောင်ပံကနေသာစောစောစီးစီးထုတ်ပယ်ခံရလျှင် တစ်သက်လုံး နာမည်ပျက်စာရင်းဝင်သွားမည်ဖြစ်သည်။ ထိုအခါသူ့အသက်မွေးဝမ်းကြောင်းလည်း ပိုခက်ခဲသွားလိမ့်မည်။

" စွမ်းရည်သစ်ပြိုင်ပွဲ....."

Fang Zhao သည် စွမ်းရည်သစ်ပြိုင်ပွဲနှင့်ပတ်သက်သည်များကိုမှတ်ဉာဏ်အသစ်များထဲတွင်ရှာဖွေကြည့်သည်။ ကပ်ဘေး မတိုင်မီက အသံသွင်းကုမ္ပဏီများနှင့် မတူသောကြောင့် သူချိန်ညှိဖို့လိုသည်။ ဘောပင်ကိုစာရွက်ပေါ်မတင်မီ လူတွေ ဘယ်လိုသီချင်းတွေနားထောင်တတ်လဲဆိုတာ အရင်လေ့လာကြည့်ရမည်
ခေတ်ပေါ်ဂီတသည် မျိုးဆက်အလိုက် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည်။ ကပ်ဘေးကာလကိုကြံ့ကြံ့ခံရင်ဆိုင်ကာ နှစ်ရာချီဖြတ်သန်းပြီးနောက်တွင် လူကြိုက်များသောအရသာများမှာလည်းသိသိသာသာကွဲပြားသွားသည်။ များစွာသောတူရိယာသံများဖြင့် ပေါင်းစပ်ဖန်တီးထားသောသံစဉ်သစ်များသည် များပြားလွန်း၍မူးနောက်စေနိုင်သည်။ လူအမျိုးမျိုး အထင်အမျိုးမျိုးကွဲပြားလာကြသည်။Fang Zhao တို့ခေတ်က ပုံစံများသည် သူတို့အကြိုက်နဲ့ အလှမ်းကွာနောက်ကျနေပြီဖြစ်သည်။

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now