Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား

317 51 5
                                    

Uni

Fang Zhao : "ဒါဆို ကျွန်တော်တို့ ပုံရိပ်ယောင် အနုပညာရှင်(idol)ကရော ဘယ်လိုပုံဖြစ်င့်တယ်လို့ထင်လဲ"

သူက ဒီ idolတွေနဲ့ ပတ်သက်ပြီး ခုချိန်မှာ လုံးဝလူသစ်တစ်ယောက်ပင်။ ကမ္ဘာမပျက်ခင်က ဒီလို ပုံရိပ်ယောင်အနုပညာရှင်တွေရှိခဲ့ဖူးတယ်ဆိုပေမဲ့ လက်ရှိအနေအထားနဲ့မတူပေ။ ယနေ့ခေတ် အနုပညာရှင်များက ရင့်ကျက်ပြည့်ဝသည့်ပုံစံမျိုးဖြစ်သည်။ထိုပုံစံနှစ်ခုထဲကတစ်ခုရွေးဖို့ရာ ခက်ခဲလှသည်။

Zu Wen ကထိုင်ခုံမှအလန့်တကြားခုန်ထကာ

"ကျွန်တော့ကိုမေးနဲ့ကျွန်တော်က ပုံဖော်ပေးတဲ့ နည်းပညာရှင်သက်သက်ပဲ။idol ရဲ့ ပုံပန်ဏ္ဍာန်နဲ့ပတ်သက်ပြီး ထုတ်လုပ်သူကပဲဆုံးဖြတ်တာထုတ်လုပ်သူပြောပြတဲ့ပုံစံပေါ်မူတည်ပြီး ဖန်တီးပေးတာကသာ ကျွန်တော့်တာဝန်ရှင်းရှင်းပြောရင်ဗျာ ခင်ဗျားလုပ်ခိုင်းတာကိုပဲ ကျွန်တော်ကလုပ်မှာကျွန်တော်တို့ဘာလုပ်မယ်ဆိုတာကို ထုတ်လုပ်သူဖြစ်တဲ့ခင်ဗျားက ဆုံးဖြတ်ပေးမှာ"

Zu Wen ကြည့်ရတာ ကြားညှပ်မခံချင်ပုံပင်။ထိုကဲ့သို့သောလေထုက ငွေတောင်ပံရဲ့ပုံရိပ်ယောင်အနုပညာရှင်ပရောဂျက်တစ်ခုလုံးကိုဝန်းရံထားသည်။သူ့အကြံပါဝင်သည့် ပရောဂျက်အရှုံးပေါသည်နှင့် သူလည်းဒုက္ခရောက်မည်ဖြစ်သည်။

ပလိပ်ရောဂါလိုပရောဂျက်ကို လူတိုင်းကခေါင်းရှောင်နေကြရာ idol ရဲ့သွင်ပြင်ကို ကိုယ်တိုင်သာဒီဇိုင်းဆွဲရတော့မည်ဖြစ်ကြောင်းသဘောပေါက်သွားသည်။ဒါကိုဘယ်သူမှကိုင်တွယ်ချင်ပုံမရပေ။

"တစ်ခြားကိစ္စရှိတော့ရင် ကျွန်တော်ပြန်လိုက်ဦးမယ်ဗျ"
Zu Wen က တာဝန်ကို အစီရင်ခံရင်းထုတ်လုပ်သူအသစ်ကို လာကြည့်ခြင်းသာဖြစ်သည်။

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now