Chap 12 ချောင်ထိုးခံထားရတဲ့ ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်

375 86 3
                                    

Uni

ဇွန်လ 28 ရက်နေ့ ၊ 3:21 P.M

နံပါတ် 9- "Hehe, My Dear," ဒေါင်းလုဒ် 2,512,576 ခု။

ဇွန်လ 28 ရက်နေ့ ၊ 7:08 P.M

နံပါတ် 8- "Hehe, My Dear," ဒေါင်းလုဒ် 2,578,394 ခု။

ဇွန်လ 29 ရက်နေ့၊ 12:03 P.M

နံပါတ် 7- "Hehe, My Dear," ဒေါင်းလုဒ် 2,710,962 ခု။

ဇွန်လ 30 ရက်နေ့ ၊ 2:33 A.M

နံပါတ် 6- "Hehe, My Dear," ဒေါင်းလုဒ် 2,800,357 ခု။

ဇွန်လ 30 ရက်နေ့ ၊ 12:45 P.M

နံပါတ် 6- "Hehe, My Dear," ဒေါင်းလုဒ် 2,908,728 ခု။

ဇွန်လ 30 ရက်နေ့၊ 11:56 P.M
နံပါတ် 5- "Hehe, My Dear," ဒေါင်းလုဒ် 3,000,923 ခု။

ထိုညတွင် ရန်ကျိုးရှိ ပေါ့ပ် အဆိုတော်အားလုံးနီးပါး လူသစ်ဦးဆောင်သူပြဇယားကို တစ်ညလုံးစောင့်ကြည့်နေခဲ့ကြသည်။

သူတို့သည် ပြိုင်ပွဲစချိန်ကတည်း သူ့အရှိန်ကိုဆက်လက်ထိန်းသိမ်းရင်း ဇယားကိုထိုးဖောက်လာသော မြင်းနက်ကိုသာစောင့်ကြည့်နေခဲ့ကြသည်။

နံပါတ် 10 ကိုဖြုတ်ချပြီးနောက် 3 ရက်အတွင်း နောက်ထပ် 4 ဆင့်တက်လာပြီး ထိပ်ဆုံး 4 နေရာကိုပါ ခြိမ်းခြောက်လာသည်။

နောက်တစ်ရက်လောက်ဆို နံပါတ်တို့ 3 နံပါတ် 4တို့ကိုကျော်တက်သွားလိမ့်မည်။နောက်ထပ်တစ်လလောက်သာထပ်ရရင် ဘယ်လိုဖြစ်သွားမလဲ ဘယ်သူမှပြောနိုင်တော့မည် မဟုတ်ပေ။

နာရီသည် သန်းခေါင်ယံချိန်သို့ ခုန်တက်သွားသောအခါ ဇယားကို ပိတ်သိမ်းပြီဖြစ်ကြောင်း ညွှန်ပြသည့် သင်္ကေတတစ်ခု မီးလင်းလာသည်။ ထိုအချိန်မှသာ ဇယားကို စောင့်ကြည့်နေသူများ သက်ပြင်းချနိုင်ကြသည်။  နောက်ဆုံးတော့ အားလုံးပြီးသွားပြီ။

အထူးသဖြင့် နံပါတ် 4 နေရာက Chu Guang (ချူကွောင်း) နှင့် နံပါတ် 3 နေရာက Rong Zeng (ရုန်ကျန်း) တို့ဖြစ်သည်။ သူတို့သည်လည်း ချီအန်း အကယ်ဒမီတေးရေးဌာနမှကျောင်းသားဟောင်းများဖြစ်ပြီး ငွေတောင်ပံနှင့်စာချုပ်ချုပ်ထားသူများလည်းဖြစ်သည်။သူတို့သည်ပြိုင်ပွဲကို အစကတည်းကဝင်ရောက်ခဲ့ကြပြီး ငွေတောင်ပံ၏ဦးစားပေးခြင်းကိုလည်းခံခဲ့ရသည်။ သို့သော် Fang Zhao ပေါ်လာသောအခါ သူတို့ကို အမှန်ပင် ထိတ်လန့်လာစေသည်။

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now