Chap 11 ကျော်တက်သွားပြီ

368 88 5
                                    

Uni

  ရာသီကုန်ခါနီးမှာ ဘယ်နေရာကထွက်လာမှန်းမသိတဲ့ "Hehe, My Dear" ဆိုတဲ့မြင်းနက်တစ်ကောင်က ထောပတ်ကို ဓားပူပူနဲ့လှီးသလို အထင်ကြီးလောက်စရာအနေအထားနဲ့ဆက်တိုက်ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။

ဇွန်လ 25 ရက်နေ့တွင် "Hehe, My Dear" သည် ဒေါင်းလုဒ်ပေါင်း 1.7 သန်းရရှိခဲ့ပြီး ထိပ်တန်း 20 စာရင်းထဲဝင်လာသည်။

ဇွန်လ 26 ရက်နေ့တွင် ဒေါင်းလုဒ် 1.9 သန်းဖြင့်အဆင့် 18 သို့ရောက်ရှိလာသည်။ 

ဒီလိုရာသီပြီးခါနီးမှာတောင် ဒီသီချင်းရဲ့ တိုးတက်မှုကို ထိန်းထားနိုင်စွမ်းက  ဂီတနယ်ပယ်မှာ တုန်လှုပ်ချောက်ချားစရာတွေဖြစ်လာစေခဲ့တယ်။ ဒါ့အပြင် ကုမ္ပဏီငယ်လေးတွေရဲ့လူသစ်တွေအတွက် အလွန်အကျွံပရိုမိုးရှင်းဆင်းပေးတဲ့အရေးပေါ်အစီအစဉ်တွေပေါ်ထွက်လာအောင်အထိဖိအားပေးနိုင်လာခဲ့တယ်။

ဥပမာပြရရင် နံပါတ် 17 ရဲ့နောက်ခံ ကုမ္ပဏီက စျေးကွက်ရှာဖွေရေးအရင်းအမြစ်တွေကို တခြားအဆိုတော်တွေဆီကနေ လမ်းကြောင်းပြောင်းပေးပြီး သီချင်းကို နံပါတ် 14 ထိရောက်အောင်ညတွင်းချင်းဒီရေတက်သလိုတွန်းပို့လာသလိုမျိုးပေါ့။

အဆင့်ကျသွားတဲ့ အဆိုတော်တွေမှာလည်း ရင်တုန်နေရသည်။ ဒါ့ကြောင့် သူတို့ကုမ္ပဏီတွေကို နောက်ထပ်ကြော်ငြာပေးဖို့ အလုအယက်ကြိုးစားတောင်းဆိုလာကြသည်။

အချို့ကုမ္ပဏီတွေက ၎င်းတို့ အထောက်အပံ့တွေကိုလွှဲပေးဖို့ကြိုးစားသလို အချို့ကလည်းတွက်ချက်ကြည့်ပြီး မတန်ဘူးဟု ဆုံးဖြတ်ခဲ့ကြသည်။  သူတို့သည် ၎င်းတို့၏ စျေးကွက်ရှာဖွေရေး ကြိုးပမ်းအားထုတ်မှုများကို အလားအလာကောင်းသော လူသစ်များအတွက်သာ အားစိုက်ထားကြသည်။

ဧရာမကျောက်တုံးကြီး Fang Zhao ကြောင့် ကြီးမားတဲ့လှိုင်းဂယက်တွေဖြစ်ပေါ်လာရပြီ။

ဇွန်လ 27 ရက်နေ့တွင် "Hehe, My Dear" သည် ဒေါင်းလုဒ်လုပ်သူ 2.2 သန်းရှိခဲ့ပြီး အဆင့် 12 သို့တက်သွားသည်။  ၎င်းသည် နံပါတ် 11 နေရာမှ ဒေါင်းလုဒ်ပမာဏနှင့် တစ်ထောင်လောက်သာကွာသည်။  ထိုအချိန်တွင် နံပါတ် 10 သည် ဒေါင်းလုဒ် 2.4 သန်းထိ
ရှိနေပြီဖြစ်သည်။

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now