Chap 13 ဒီတာဝန်ကို မင်းဆီလွှဲထားလိုက်ပြီ

452 105 8
                                    

Uni

Du Ang ဆီမှ video ဖြင့်အစည်းအဝေးလုပ်မည့်အကြောင်းသိရသည်နှင့် Fang Zhao အပါအဝင် တေးရေးတစ်ဌာနလုံးလိုင်းပေါ်တက်လာကြသည်။Fang Zhao သည် အစက လျှောက်သွားဖို့စဉ်းစားထားပေမယ့်အစည်းအဝေးကြောင့် အိမ်မှာဘဲနေလိုက်တော့သည်။

အားလုံးလိုင်းပေါ်ရောက်သည်နှင့် Du Ang က ချိန်ကိုက်ဗုံးတစ်လုံးပစ်သွင်းလာသည်။

ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်သည် လူရောငွေပါ ဝါးမျိုသည့် အဆုံးမဲ့တွင်းကြီးဖြစ်ကြောင်း ငွေတောင်ပံမှဝန်ထမ်းတိုင်းသိထားကြသည်။ခု ဒီနေရာကိုရောက်လာသည့်သူတိုင်းကံဆိုးမိုးမှောင်ကျခြင်းဖြစ်သည်။

ဒါ့အပြင် ဒီကိစ္စက သူတို့ စွမ်းရည်တွေကို ကျဆင်းစေလိမ့်မည်။ သူတို့မှာ တေးရေးဆရာများဖြစ်၍ တေးရေးရာ၌သာကျွမ်းကျင်ကြပြီး ပုံရိပ်ယောင်အနုပညာရှင်ကို ဘယ်လိုဖန်တီးရမလဲနားမလည်ပေ။ထို့ကြောင့် သူတို့လို အပြင်လူတွေအနေနဲ့ Du Ang ပြောသောအရာနှင့်ပတ်သက်၍ ဘယ်လိုတုံ့ပြန်ရမှန်းမသိပေ။

ထို့ကြောင့် Du Ang ဗုံးချလိုက်သည်နှင့် အားလုံး ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားကြသည်။အသက်ပြင်းပြင်းရှူမိလျှင် သတိထားမိသွားမည်ဆိုးသောကြောင့် အသက်ကိုပင် ခိုးရှူနေကြသည်။မသိလျှင် ဆရာရှေ့ရောက်နေသည့်ကျောင်းသားများလို အကြည့်ချင်းမဆုံအောင်ရှောင်နေကြသည်။မျက်လုံးချင်းဆုံသည်နှင့် သူတို့အခေါ်ခံရမှာကိုကြောက်နေကြသည်။

Fang Zhao လည်းငြိမ်နေသည်။ပုံရိပ်ယောင်နည်းပညာနှင့် ပတ်သက်ပြီးမရင်းနှီးသေးသောကြောင့် ဒီဟာသည် သူတတ်နိုင်သည့်အနေအထားမဟုတ်ပေ။

Fang Zhao နဲ့အတူ လက်မှတ်ရေး ထိုးထားသည့် အခြားလူသစ် ၃ ယောက်မှာ ရာထူးတိုးပေးမည် ဟူသောစကားနှင့် ဆွဲဆောင်ခံလိုက်ရသော်လည်း တခြားသူများ၏ တုံ့ပြန်မှုကို မြင်သည်နှင့် ဘယ်လို အခြေအနေဆိုတာကို သဘောပေါက်သွားကြသည်။ ဒါက Kryptonite *ကြီးပင်။စွမ်းရည်သစ်ပြိုင်ပွဲမှ သူတို့ရရှိထားသောအရှိန်ကို အထိခိုက်မခံနိုင်သောကြောင့် ပါးစပ်ပိတ်ကာ ကျောက်တုံးများလိုသာနေနေလိုက်ကြသည်။

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now