အခန်း(၁)- ငါ့ဒီဇိုင်းကို ခိုးသွားတယ်

9.2K 330 26
                                    

Suggested Song- 7 Rings by Ariana Grande

"အကြောင်းထူးရင် ပြန်ဆက်သွယ်လိုက်ပါ့မယ်နော် ...လောလောဆယ်တော့ လူမလိုသေးလို့ပါ"

ဖိုင်ထဲကနေ သူဆွဲထားတဲ့ ပုံကြမ်းစာရွက်လေးတွေကို ထုတ်ဖို့ပြင်နေတဲ့လက်တွေက တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားသည်။ ဒီဇိုင်နာရာထူးအတွက် အလုပ်လာလျှောက်တဲ့သူကို ဆွဲထားတဲ့ပုံလေးကို တစ်ချက်တောင်မကြည့်ပဲ တန်းပြီး ငြင်းလွှတ်တာကတော့ တစ်ဆိတ်... လွန်မနေဘူးလားလို့။

အနည်းငယ် စိတ်ကသိကအောက်ဖြစ်သွားပေမယ့်လည်း သူစိတ်ကိုလျှော့ကာ ကောင်တာပေါ်မှာ တင်ထားတဲ့ သူ့ဖိုင်ကိုပြန်ယူရင်း ထိုမိန်းကလေးကို ခေါင်းတစ်ချက်ညိတ်ပြရင်းသာ ပြန်ထွက်လာလိုက်သည်။

ဒီလိုစကားမျိုးက အရင်ထဲက ကြားလာနေကြမို့ အထူးတလည်ခံစားပြီး စိတ်ဓာတ်ကျမနေတော့။ ဒီတစ်ခါနဲ့ဆို သူအငြင်းခံရတာ ဘယ်နှစ်ကြိမ်မြောက်မှန်းတောင်မှတ်မိတော့ဘူး။

များသောအားဖြင့် အခုလိုပဲ ကုမ္ပဏီက သူဌေးနဲ့တွေ့ဖို့နေနေသာသာ မန်နေဂျာနဲ့ပင် မတွေ့လိုက်ရပဲ ဝင်ပေါက်ကနေ လှည့်ပြန်ခဲ့ရတာချည်းပင်။

လက်မှာပတ်ထားတဲ့ မှန်အက်နေတဲ့နာရီလေးကို ငုံ့ကြည့်လိုက်တော့ နေ့လည်၁နာရီခွဲ။ ဒီအတိုင်းသာဆို ဒီနေ့လည်း အလုပ်လက်မဲ့အဖြစ်နဲ့ နေထိုင်ရဦးမှာပေါ့။

စိတ်ညစ်ညစ်နဲ့ ခေါင်းငိုက်စိုက်ချကာ လျှောက်လာရင်း လမ်းချိုးတစ်ခုအရောက်မှာ နားထဲအော်သံလိုလိုကြားလိုက်ရတာမို့ ရပ်ပြီး နားစွင့်လိုက်မိသည်။

"ကယ်ကြပါဦး အား..."

လူတစ်ယောက်ရဲ့ အကူအညီတောင်းသံနဲ့အတူ ရုန်းရင်းဆန်ခတ်အသံတွေကိုပါ ကြားလိုက်ရတာမို့ အသံလာရာနားစွင့်ရင်း လိုက်ရှာမိတော့ လူပြတ်တဲ့လမ်းကြားထဲမှာ အသက်သုံးဆယ်အရွယ်လောက်သာဦးရှိမယ့် အမျိုးသားတစ်ယောက်ကို လူနှစ်ယောက်ကဝိုင်းချုပ်ထားရင်း ဓားထောက်လုနေတာမို့ မတရားတာမြင်ရင် မနေနိူင်တဲ့သူပီပီ အနားမှာကျနေတဲ့တုတ်အရှည်တစ်ချောင်းကို ဆွဲယူကာ အခြေအနေကြည့်နေလိုက်သည်။

Dare You Escape?[Completed]Where stories live. Discover now