အခန်း(၃)- ငါလူသတ်တာမဟုတ်ဘူး..

2.8K 288 17
                                    

Uni

"လျှိုသခင်လေးဆီက ဖုန်းလာပါတယ်သခင်လေး"

အနားကိုရောက်လာတဲ့ ကျင်းရီရဲ့စကားကြောင့် သဲအိတ်ကို ထိုးနေရာကနေ ရပ်လိုက်ပြီး ဘေးမှာရပ်နေတဲ့ သူ့တပည့်တစ်ယောက်ဆီက မျက်နှာသုတ်ပုဝါကိုလှမ်းယူကာ မျက်နှာပေါ်က ချွေးတွေကိုသုတ်လိုက်ပြီး ပခုံးပေါ်တင်ထားလိုက်ပြီးမှ ဖုန်းကိုလှမ်းယူကာ

"ဘာကိစ္စရှိလို့လဲ ကော.."

"ဒီည ပစ္စည်းအသစ်တွေရောက်မယ် ... မင်းရော လာဦးမလားလို့"

"မလာရင် ရာဇဝင်ရိုင်းသွားမှာပေါ့ ..အရင်နေရာပဲ မဟုတ်လား"

ပြောလို့ပြီးတာနဲ့ ဖုန်းကို ကျင်းရီဆီလှမ်းပစ်ပေးလိုက်ပြီး သဲအိတ်ကိုပဲ သည်းကြီးမည်းကြီး ဆက်ထိုးနေရင်းမှ ခေါင်းထဲအတွေးပေါ်လာတာမို့

"ဟိုကိစ္စဘာထူးလဲ ကျင်းရီ"

"အဲ့ဒီလူက ကုမ္ပဏီပတ်ဝန်းကျင်မှာ ထပ်မပေါ်လာတော့ပေမယ့် သူက နာရီကိုသူ့ဒီဇိုင်းပါဆိုပြီး အခိုင်အမာပြောထားတော့ အဲ့အကြောင်းကို လူတွေက တော်တော်စိတ်ဝင်စားနေကြတယ်သခင်လေး.... ကျွန်တော့်စိတ်ထင် သတင်းစာရှင်းလင်းပွဲလောက်ဖြစ်ဖြစ် လုပ်သင့်တယ်လို့ ထင်ပါတယ်"

ကျင်းရီရဲ့စကားကြောင့် လက်သီးထိုးရက်ကနေ မပျက်ပဲ မဲ့ခနဲပြုံးလိုက်မိသည်။

"မလိုဘူး ....ဒီရက်ပိုင်းအတွင်း နာရီကိုဈေးကွက်ထဲ ဖြန့်လိုက်တော့"

"ဟုတ်ကဲ့ပါသခင်လေး ... "

•••

"လာရှောင်းကျန့် မြန်မြန်.."

ဘားကိုရောက်တာနဲ့ ယွီချန်က သူ့ကိုဆွဲခေါ်သွားတာမို့ ယွီချန်ရဲ့လက်ကို ပြန်ဆွဲထားလိုက်ရင်း

"နေပါဦး ဘာမို့်လို့ မင်းဒီလောက်တောင်လောနေတာလဲ"

"မင်းကို ဒီကပိုင်ရှင်နဲ့တွေ့ပေးမလို့လေ ...ငါနည်းနည်းပါးပါးတော့ ပြောပေးထားတယ် ဒါပေမယ့် သတိတော့ထား အဲ့ဘိုးတော်က တအားအပေါက်ဆိုးတာ"

မျက်နှာကိုမဲ့ရွဲ့ရင်း လေသံတိုးတိုးဖြင့် ပြောနေတဲ့ယွီချန်ကြောင့် မျက်ခုံးပင့်လိုက်မိသည်။

Dare You Escape?[Completed]Where stories live. Discover now