အခန်း(၁၆)- သွေးစွန်းသွားတဲ့ရွာကလေး

1.9K 140 11
                                    


ညကအပြင်မှာ လေစိမ်းတွေမိပြီး တန့်တန့်လေးကဖျားသွားတာမို့ အားလျန့်ကဒီနေ့တစ်ရက် တောထဲမသွားပဲ အိမ်မှာနေ,နေလေသည်။ ဝမ်ရိပေါ်ကတော့ တောထဲသွားဖို့အတွက် ပြင်ဆင်နေသည်။ အိမ်ကကျဥ်းကျဥ်းလေးရယ်မို့ မျက်လုံးထောင့်ကနေ ဝမ်ရိပေါ်ရဲ့လှုပ်ရှားမှုတွေကိုမြင်နေရသည်။

ဝမ်ရိပေါ်က ဟိုပစ္စည်းမေ့ခဲ့သလို ဒီပစ္စည်းကျန်ခဲ့သလိုနဲ့အိမ်ထဲကို ဝင်လိုက်ထွက်လိုက်လုပ်ပြီး အားလျန့်နဲ့အတူ ထိုင်ပြီးစကားပြောနေတဲ့သူ့ကို တစ်ချက်တစ်ချက်လှမ်းကြည့်နေသည်။ ဝမ်ရိပေါ်ကိုကြည့်ရတာ သူ့ကိုတစ်ခုခုပြောချင်နေတဲ့ပုံပင်။ သူလှမ်းကြည့်ရင်လည်း အကြည့်ချင်းမဆုံပဲမျက်နှာကိုအမြန်ပြန်လွှဲသွားသည်။

"ရှောင်းကျန့် ကျုပ်ဒီနေ့လက်နာနေလို့ ဒါတွေသယ်ပြီးကျုပ်နောက်လိုက်ခဲ့"

ဝမ်ရိပေါ်ကသူ့လက်ထဲက အမဲလိုက်ဖို့အတွက်လိုအပ်သမျှ စုံစီနဖာပစ္စည်းတွေထည့်ထားတဲ့အိတ်ကို ရှောင်းကျန့်ဆီလှမ်းပစ်ပေးပြီး အရှေ့ကနေဦးဆောင်လို့ထွက်သွားသည်။

နောက်ဆုံးတော့လည်း ဝမ်သခင်လေးကသူ့ကိုခိုင်းစားချင်နေတာပဲ။ ညကအထိအကောင်းကြီးရှိသေးတဲ့ အဲ့ဒီလက်ကတစ်မနက်အတွင်း နာသွားတယ်ဆိုကတည်းက သူ့ကိုတမင်တကာအနိူင်ကျင့်နေတာမှန်းအသိသာကြီးရယ်။ အမှန်ဆို အားလျန့်နဲ့အတူ အိမ်မှာနေပြီး တန့်တန့်လေးကိုထိန်းပေးမယ်စဥ်းစားထားပေမယ့် ဝမ်သခင်လေးကအမိန့်ပေးလာမှတော့ ဘယ်တတ်နိူင်ပါ့မလဲလေ။

ရှောင်းကျန့်က စိတ်မချသလို အားနာသလိုမျိုးဖြင့် တန့်တန့်လေးကိုလှမ်းကြည့်နေတော့ အားလျန့်ကခပ်ပြုံးပြုံးဖြင့်

"လိုက်သွားလိုက်လေ အကိုရှောင်း။ ဟိုမှာ အကိုဝမ်စောင့်နေပြီ"

အားလျန့်စကားကြောင့် ခြံဝင်းထဲလှမ်းကြည့်လိုက်တော့ ဝမ်ရိပေါ်က မျက်မှောင်ကုပ်လို့ သူတို့နှစ်ယောက်ကို မကျေမနပ်ဖြင့်ကြည့်နေလေသည်။ ဒီ့ထက်ကြာနေရင် နားငြီးအောင်အပြောခံရတော့မှာမို့ ရှောင်းကျန့်လည်းအားလျန့်ကိုနှုတ်ဆက်ရင်း ဝမ်ရိပေါ်နောက်လိုက်သွားလိုက်သည်။

Dare You Escape?[Completed]Where stories live. Discover now