အခန်း(၁၀)- ငါ့အပိုင်ကို ဘယ်သူထိရဲလဲ....

2.2K 186 8
                                    

Unicode

ဒီရက်ပိုင်း ရှောင်းကျန့်ခြေလှမ်းတွေပျက်နေတာ သူသတိထားမိသည်။ အရင်ထဲက တစ်ယောက်ကိစ္စတစ်ယောက်စိတ်ဝင်စားကြတာမျိုး မဟုတ်ပေမယ့်လည်း ရှောင်းကျန့်လိုလူကအချိန်မရွေးသူ့ကိုဒုက္ခပေးလိုက်နိူင်တဲ့သူမျိုး​ဖြစ်နေတာကြောင့် ရှောင်းကျန့်သူ့ဘေးနားစရောက်လာတဲ့အချိန်ထဲက သူ့လူတွေကိုရှောင်းကျန့်အနားမှာလွှတ်ထားခဲ့တာဖြစ်သည်။ ဒါကြောင့်လည်း အခုရှောင်းကျန့်ခြေလှမ်းပျက်နေတဲ့အကြောင်းတွေကို သူသိရတာဖြစ်သည်။

အရင်ထဲက ရှောင်းကျန့်က သူမကြိုက်တဲ့အရာတွေမှန်သမျှ ရွေးပြီးလုပ်တတ်တယ်ဆိုပေမယ့် အခြားယောကျာ်းတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်နေတယ်ဆိုတဲ့သတင်းမျိုးကိုတော့ သူပထမဆုံးအကြိမ်အဖြစ်ကြားဖူးခြင်းဖြစ်သည်။ ရှောင်းကျန့်ကိုအမြဲစောင့်ကြည့်နေတဲ့သူမို့ ရှောင်းကျန့်စိတ်ကိုသူကောင်းကောင်းသိသည်။ ရှောင်းကျန့်က မာနကြီးသလို လူတိုင်းနဲ့လည်းရောရောထွေးထွေးနေတတ်တာမျိုးမဟုတ်ပေ။

ရှောင်းကျန့်ကသူ့အပိုင်မှန်း သိနေရက်နဲ့တောင် အရူးကွက်နင်းလို့ ရှောင်းကျန့်အနားကပ်လာတတ်တဲ့သူတွေအများအပြားရှိခဲ့ဖူးပေမယ့် သူ့ဘက်ကဘာမှမလှုပ်ရှားရသေးခင်မှာပင် ရှောင်းကျန့်ကသူ့နည်းသူ့ဟန်ဖြင့်ထိုလူတွေကို ရှင်းထုတ်ပြီးဖြစ်သည်။ ရှောင်းကျန့်က အကြောတင်းတာမှန်ပေမယ့် မိမိရဲ့ကိုယ်ကျင့်တရားကိုတော့ စောင့်ထိန်းတတ်သူဖြစ်သည်။

ဒါပေမယ့်အခုက ထူးဆန်းသည်။ သူ့လူတွေပြောပုံအရ ရှောင်းကျန့်ကကောင်လေးတစ်ယောက်နဲ့ ကလပ်မှာမကြာခဏတွေ့ဖြစ်တယ်ဟုဆိုသည်။ အဲ့ဒီကောင်လေးက ဘယ်သူများဖြစ်နိူင်မလဲ။ ရှောင်းကျန့်နဲ့ကရော ဘယ်လိုတွေပတ်သတ်နေတာများလဲ။

သူတစ်ချက်အမိန့်ပေးလိုက်တာနဲ့ သူသံသယဝင်နေတဲ့ကိစ္စအားလုံး သိရမှာဖြစ်ပေမယ့် ရှောင်းကျန့်နဲ့ပတ်သတ်ပြီး သူဒီလောက်အားထုတ်ဖို့မလိုဘူးလို့ထင်သည်။ သူအခုလို အတွေးများနေရတဲ့အကြောင်းကိုလည်း ရှောင်းကျန့်သာသိသွားပါက သူ့အဖြစ်အား ဟားတိုက်လှောင်ရယ်နေမှာအသေအချာပင်ဖြစ်သည်။ ရှောင်းကျန့်လိုချင်တာလည်း ဒါပဲဖြစ်လိမ့်မည်။ ရှောင်းကျန့်သည် သူ့အားမည်မျှ စိတ်ဒုက္ခပေးချင်ကြောင်း သူအသိဆုံးပင်ဖြစ်သည်။

Dare You Escape?[Completed]Where stories live. Discover now