အခန်း(၇)- ပြယုဂ်

2K 208 11
                                    

Unicode

"ဒီဖက်က အခြေအနေတွေကို ကောတတ်နိူင်သလောက်ရှင်းပေးထားတယ်ဆို​ပေမယ့် ကောအထင် ဒီတစ်ခေါက်တော့ နည်းနည်းပိုတိုးပြီးပေးရမယ့်ပုံပဲ။ သိတယ်မလား... သူ့ဘက်က တော်တော်ထိသွားတာဆိုတော့"

ဖုန်းထဲကနေတစ်ဆင့်ရှင်းပြနေတဲ့ ဟိုက်ခွမ်းကောရဲ့စကားတွေကြောင့် ရိပေါ်အခဲမကျေစွာဖြင့် အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ ရှောင်းကျန့်ကသူ့အတွက်တော့ တကယ့်ကိုအဖျက်အနှောင့်ပဲ။

ဒီနေ့ရှောင်းကျန့်ပြဿနာရှာလိုက်တဲ့ကောင်က သူ့ပစ္စည်းတွေအသွင်းအထုတ်လုပ်နေကျ ဆိပ်ကမ်းပိုင်ရှင်သူဌေးချန်းရဲ့ဇယားဖြစ်တာမို့ ဆိပ်ကမ်းပိုင်ရှင်က သူ့ကိုမကျေမချမ်းဖြစ်ပြီး ဒီညပိုင်းထွက်မယ့်ပစ္စည်းတွေကို ထွက်လို့မရအောင်ဆိပ်ကမ်းကိုပိတ်ချလိုက်တာမို့ အလုပ်ကမနှောင့်နှေးသင့်ပဲ ​နှောင့်နှေးရကုန်သည်။

ဝမ်တွေရဲ့ပိုင်ဆိုင်မှုထဲမှာ ထို့ထက်သာတဲ့ဆိပ်ကမ်းပေါင်းများစွာရှိပေမယ့် ရိပေါ်ကပစ္စည်းတွေအသွင်းအထုတ်လုပ်တဲ့အခါတိုင်း ဘယ်သောအခါမှ တူညီတဲ့ဆိပ်ကမ်းတစ်ခုထဲကနေ သွင်းလေ့သွင်းထမရှိ။ ဒါဟာသူ့စီးပွားအတွက် အကျိုးတူပူးပေါင်းမယ့်မိတ်ဖက်ကိုရှာတယ်ပြောလို့ရသလို တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း နောင်တစ်ချိန်မှာ သူ့ကိုတိုက်ခိုက်ချင်တဲ့ဘယ်သူမဆို သူ့နာမည်နဲ့ပတ်သတ်ပြီး အမြစ်လှန်လို့မရအောင် တစ်ခါထဲလက်စဖျောက်ထားခြင်းဖြစ်သည်။

အရင်တစ်ခါကလပ်မှာ သူ့ကိုမကြောက်မလန့်လာကပ်ရဲတဲ့ ထိုကောင့်ကိုမျက်စိနောက်နောက်ဖြင့် သူ့စိတ်ရှိတိုင်းအစဖျောက်လိုက်ချင်ပေမယ့် သူဌေးချန်းနဲ့အလုပ်ကိစ္စတွေကမပြတ်သေးတာမို့ မှတ်လောက်သားလောက်အောင်သတိပေးရုံသာလုပ်ခဲ့တာဖြစ်သည်။ ဒါကို ရှောင်းကျန့်က ဘာမှမသိပဲ ပြဿနာကောင်းကောင်းရှာလိုက်တာမို့ သူ့အစားဟိုက်ခွမ်းကောကလိုက်ပြီးဖြေရှင်းပေးနေရသည်။

သူ့ဖက်မှာက ယုံကြည်ပြီးအားကိုးရတဲ့သူဆိုလို့ ကျင်းရီတို့အဖွဲ့အပြင် ဟိုက်ခွမ်းကောသာရှိသည်။ ဒယ်ဒီကအမြဲလိုလို ခရီးတွေထွက်ကာ အလုပ်ရှုပ်နေတတ်ပြီး မာမီကလည်းတစ်လတစ်ခါကလွဲလို့ သူ့အရှေ့ရောက်မလာပေ။ ကျန်တဲ့သူ့ပတ်ဝန်းကျင်ကလူတွေကလည်း အခွင့်သာတာနဲ့ သူ့ကိုတိုက်ခိုက်ဖို့ကြံရွယ်နေကြသူတွေချည်းမို့ ရိပေါ်အတွက်က ဘာကိစ္စပဲလုပ်လုပ်သတိကြီးစွာထားနေရသည်။

Dare You Escape?[Completed]Where stories live. Discover now