အခန်း(၁၁)- လက်စဖျောက်ခြင်း

1.8K 166 9
                                    

Unicode

ရှောင်းသခင်လေးက သူ့ကိုသိနေသည်တဲ့။ အဲ့ဒီညက ရှောင်းသခင်လေးဆီက ဝမ်သခင်လေးနဲ့ပတ်သတ်တဲ့သတင်းတစ်ခုခုရတော့မယ်လို့ထင်လိုက်ပေမယ့် တကယ်တမ်းရှောင်းသခင်လေးပြောပြလာသည်က သူ့ကိုသိနေတဲ့အကြောင်းသာ။ သူ့လိုရဲတစ်ယောက်ကိုတောင် အကွက်ချပြီးအငိုက်ဖမ်းနိူင်တဲ့ ရှောင်းသခင်လေးက တကယ့်ကိုအန္တရာယ်များလွန်းသည်။ ရှောင်းသခင်လေးရဲ့အနားကို သူရောက်လာရတဲ့ ရည်ရွယ်ချက်ကိုသိနေရက်နဲ့တောင် သူ့ကိုအသာတကြည်မိတ်ဆွေအဖြစ်လက်ခံလိုက်တာပဲကြည့်လေ။

သူ့ကိုဂေဟာမှာတွေ့မြင်ခဲ့တဲ့အကြောင်း ပြောလာတဲ့ရှောင်းသခင်လေးရဲ့စကားကိုတောင်ဆုံးအောင်နားမထောင်နိူင်ပဲ သူထိုနေရာကနေအမြန်လှည့်ထွက်လာမိသည်။ အဲ့လိုမှမလုပ်ရင် သူဘယ်မျက်နှာနဲ့ဆက်ပြီးနေရမှာလဲ။ သူ့အဖြစ်ကအရမ်းကို ရှက်စရာကောင်းလွန်းနေတာမဟုတ်လား။ သူ့ကိုယ်သူဟုတ်လှပြီထင်ပြီး ရှောင်းသခင်လေးကိုလျှော့တွက်လိုက်မိတာ။

သူကြားရသလောက်ဆို ရှောင်းသခင်လေးက ဝမ်သခင်လေးကိုမုန်းနေတယ်ဆိုတာ သေချာသလောက်ရှိသည်။ ဒါပေမယ့် ဘာလို့ရှောင်းသခင်လေးဆီက ဝမ်သခင်လေးနဲ့ပတ်သတ်တဲ့သတင်းတစ်ခုတောင် နှိုက်ထုတ်လို့မရတာလဲ။ သူက ဝမ်သခင်လေးရဲ့မျက်နှာဖုံးကိုခွာချမယ့်သူမှန်းသိနေတာတောင်မှလေ။ တကယ်ဆို ရှောင်းသခင်လေးဖက်က လိုလိုလားလားနဲ့တောင်သူနဲ့ပူးပေါင်းလာရမှာမဟုတ်ဘူးလား။

ဒီအတိုင်းသာဆို သူ့အတွက်လမ်းစကပျောက်သွားပြန်ပြီမို့ တစ်ယောက်ထဲအကြပ်ရိုက်နေတုန်းမှာပင် သူ့ဆီအမည်မသိဖုန်းတစ်ခုဝင်လာခဲ့သည်။ လိုရင်းကိုသာပြောပြီး သူ့ဘက်ကဘာမှပြန်မပြောရသေးခင်မှာပင် ကျသွားတဲ့ဖုန်းကြောင့် သူငိုင်သွားမိသည်။ တစ်ဖက်ကအသံတုဖြင့်ပြောလာတာမို့ ဘယ်သူဘယ်ဝါမှန်းခန့်မှန်းလို့မရပေမယ့် ဖုန်းနံပါတ်တည်နေရာကို ခြေရာခံလို့မရအောင်လုပ်ထားတာမို့ အတော်ကိုပိပိရိရိရှိတဲ့သူလို့ပြောရမည်။

မြို့လယ်ခေါင်လိုနေရာမျိုးမှာရှိတဲ့ ဝမ်သခင်လေးပိုင်တဲ့ကလပ်တစ်ခုမှာမူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမယ်ဆိုတဲ့သတင်းက သိပ်တော့ယုံကြည်ချင်စရာမရှိပေမယ့် အခုချိန်မှာသူ့အတွက်လမ်းစကလုံးဝပျောက်နေတာမို့ သွားလိုက်တာကအရှုံးမရှိဘူးလို့တော့ထင်သည်။

Dare You Escape?[Completed]Where stories live. Discover now