အခန်း(၉)- လက်တုံ့ပြန်ခြင်း နိဒါန်း

1.9K 189 9
                                    

Unicode

"ရှောင်းသခင်လေးက သတင်းတွေကြားထားတာထက် ပိုပြီးမာနကြီးနေတာပဲ"

ဇယားတွေမရှုပ်ချင်လို့ ထွက်လာပါတယ်ဆိုမှ ကားပါကင်အထိအနောက်ကလိုက်လာပြီး စကားစနေပြန်တဲ့ထိုသူစိမ်းကောင်လေးကြောင့် ​ရှောင်းကျန့်ကျစ်ခနဲစုတ်သတ်လိုက်ရင်း

"ဝမ်ရိပေါ်နဲ့ပတ်သတ်ပြီး မကျေနပ်တာရှိရင် သူနဲ့တိုက်ရိုက်သွားရှင်းတာကောင်းမယ်။ ငါ့အချိန်တွေလာမဖြုန်းနဲ့"

ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ဝမ်ရိပေါ်နဲ့ပတ်သတ်ပြီးထိုသို့သောကိစ္စမျိုးတွေ ကြုံနေရစမြဲမို့ ခပ်ပြတ်ပြတ်ပြောလိုက်တော့ ထိုကောင်လေးကဘယ်လိုယူဆသွားတယ်ရယ်မသိ။ ပြုံးနေရာက မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်။ တကယ့်ကိုခဏလေးပါပဲ။ သာမန်လူသာဆို သတိမထားမိလောက်ပေမယ့် ရှောင်းကျန့်ကတော့သေသေချာချာကိုမြင်လိုက်ရသည်။ ဝမ်ရိပေါ်ရဲ့ဘေးမှာအနီးကပ်နေရခြင်းရဲ့ အကျိုးဆက်တွေထဲကတစ်ခုလို့ပဲ ပြောရမလား။

"​ရှောင်းအလှလေးနဲ့ရင်းနှီးချင်တယ်ဆိုရင်ရော ဘယ်သူနဲ့သွားပြီးဖြေရှင်းရမလဲ"

ဘောင်းဘီအိတ်ထဲလက်နှိုက်လို့ ဟန်ပါပါဖြင့်ပြောလာတဲ့စကားအဆုံး ရှောင်းကျန့်ခွီးခနဲပင်ရယ်လိုက်မိသည်။ ပခုံးတွေတလှုပ်လှုပ်ဖြင့် ရယ်လို့ဝတော့မှ ထိုကောင်လေးရဲ့ပခုံးတစ်ဖက်ကို ခပ်သာသာပုတ်လိုက်ရင်း

"မင်းကြည့်ရတာ ငါ့ထက်အသက်အများကြီးငယ်မယ့်ပုံပါ။ ဒီလိုတွေလုပ်နေမယ့်အစား ကျောင်းသွားပြန်တက်လိုက်တာကောင်းမယ်"

သူ့စကားအဆုံး မချိမဆန့်ဖြစ်သွားတဲ့ကောင်လေးကြောင့် ရှောင်းကျန့်ခေါင်းတခါခါဖြင့် ထိုနေရာကနေထွက်လာမိသည်။ ကောင်လေးရဲ့ပုံစံက တော်တော်လေးငယ်ဦးမယ့်ပုံပေမယ့် သတ္တိကတော့မခေပုံပင်။ သူနဲ့ဝမ်ရိပေါ်ဘယ်လိုပတ်သတ်သလဲဆိုတာ သိနေရက်နှင့် သူ့ဆီချဥ်းကပ်လာတာပဲကြည့်လေ။

ပြီးတော့ ထိုကောင်လေးကိုကြည့်ရတာ သူနဲ့ရင်းနှီးချင်တဲ့ရည်ရွယ်ချက်တစ်ခုတည်းတော့ မဖြစ်နိူင်။ စိတ်အားထက်သန်ပြီး ပါးနပ်လွန်းလှတဲ့ထိုကောင်လေးရဲ့အကြည့်တွေနောက်မှာ အဓိပ္ပါယ်များစွာပါဝင်နေမည်ကို သူသဘောပေါက်သည်။

Dare You Escape?[Completed]Where stories live. Discover now