အခန်း(၅)- ရန်ငြိုး

2.3K 241 25
                                    

Unicode

ကျင်းရီနဲ့အတူ မြေအောက်ခန်းထဲကို ဝင်လာလိုက်ရင်း အခန်းနံရံပေါ်က ဖီးနစ်ငှက်ပုံရုပ်ထုကို အသာတွန်းလိုက်တော့ နံရံကနှစ်ခြမ်းကွဲသွားပြီး လှေကားတစ်ခုပေါ်လာတာမို့ ထိုလှေကားအတိုင်း ဆင်းလာလိုက်သည်။ သူလှေကားတစ်ထစ်နင်းတိုင်း နံရံမှာချိတ်ဆွဲထားတဲ့ မီးအိမ်ငယ်တွေက လင်းလာတာမို့ မြေအောက်ခန်းဖြစ်ပေမယ့်လည်း လုံလုံလောက်လောက် အလင်းရောင်ရှိနေသည်။

အစီအရီချထားတဲ့ ကျွန်းသေတ္တာတွေကိုကြည့်ရင်း မေးဆတ်ပြလိုက်တော့ ကျင်းရီက အသာခေါင်းညိတ်ပြရင်း အနားကသေတ္တာတစ်လုံးကို အဖုံးဖွင့်ပေးလေသည်။ သေတ္တာထဲမှာတော့ သေချာထုတ်ပိုးထားတဲ့ ရောင်စုံဆေးပြားတွေက အများအပြား။

"အခုတလော အဖမ်းအစီးများနေတော့ ခဏလောက်နားထားလိုက်ရမလားသခင်လေး"

"မလိုဘူး စီစဉ်ထားတဲ့အတိုင်းပဲဆက်လုပ်"

"ဟုတ်ကဲ့ပါ သခင်လေး"

ထိုအချိန်မှာပဲ ကျင်းရီနားမှာတပ်ထားတဲ့ ဆက်သွယ်ရေးကိရိယာဆီက သတိပေးသံကြားလိုက်ရတာမို့ သခင်လေးရဲ့အရိပ်အကဲကိုလှမ်းကြည့်လိုက်မိသည်။ သခင်လေးက သေတ္တာတွေတစ်ခုချင်းစီဖွင့်ကြည့်ရင်း အထဲကအထုတ်တစ်ထုပ်ဖောက်ကာ စစ်ဆေးနေတာမို့ ကျင်းရီအနားကိုတိုးကပ်သွားလိုက်ရင်း

"ထွက်ပြေးသွားတဲ့အမျိုးသမီးကို မိထားပါပြီသခင်လေး"

သူ့စကားကြားတော့ သခင်လေးကသေတ္တာတွေဆီ အာရုံရောက်နေရာကနေ ဖြတ်ခနဲမျက်လုံးပင့်ကြည့်ရင်း

"အပျင်းပြေစေမယ့် ကိစ္စလေးတွေ့ပြီ"

ပြောပြီးတာနဲ့ သခင်လေးက လက်ထဲမှာကိုင်ထားတဲ့ အထုပ်ငယ်ထဲက အဖြူရောင်အမှုန့်အချို့ကို နှာခေါင်းထိပ်မှာပွတ်ကာ တစ်ချက်ရှိုက်လိုက်ရင်း လှေကားအတိုင်းပြန်တက်သွားတာမို့ သူလည်းအနောက်ကနေ လိုက်သွားမိသည်။ စိတ်ထဲမှာလည်း ထိုအမျိုးသမီးအတွက် ကြိုပြီးအမျှဝေပေးရင်း..။

•••

သူ့ကိုတွေ့တာနဲ့ သူ့တပည့်တွေဝိုင်းချုပ်ထားတဲ့ကြားက ရုန်းကန်အော်ဟစ်ရင်း အကူအညီလှမ်းတောင်းနေတဲ့အမျိုးသမီးကြောင့် ခုံမှာခြေထောက်ချိတ်ကာ ဝင်ထိုင်လိုက်ရင်း မျက်စပစ်ပြလိုက်တော့ ကျင်းရီက ခေါင်းအသာညိတ်ပြရင်း ထိုအမျိုးသမီးရဲ့ဆူညံလွန်းတဲ့ပါးစပ်ကို အဝတ်စဖြင့်စည်းနှောင်လိုက်လေသည်။

Dare You Escape?[Completed]Where stories live. Discover now