အခန်း(၁၂)- ဝမ်သခင်လေးရဲ့ပူပင်သောက

1.9K 158 11
                                    


"ဒီနေ့အတွက်စိတ်မကောင်းဖြစ်စရာ သတင်းတစ်ပုဒ်ကတော့ ဝမ်မျိုးနွယ်တွေပိုင်ဆိုင်တဲ့ သဘော်တစ်စီးပေါ်မှာပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုစုံစမ်းနေဆဲဖြစ်ပြီး သဘော်ပေါ်မှာဝမ်သခင်လေးလိုက်ပါစီးနင်းသွားတယ်ဆိုတဲ့ ကောလဟာလတွေလည်း ဆက်တိုက်ဆိုသလိုထွက်နေတာမို့ အားလုံးကစိတ်ပူနေကြသလို ဝမ်အိမ်တော်အရှေ့မှာလည်း သတင်းထောက်တွေအများအပြားစုဝေးရောက်ရှိနေတယ်လို့သိရပါတယ်"

ရုပ်သံချန်နယ်လိုင်းတိုင်းလိုလိုမှာ ထုတ်လွှင့်နေတဲ့သတင်းတွေကြောင့် လိုက်ကာစကိုအသာလှပ်လို့ အိမ်အပြင်ဖက်ကို လှမ်းကြည့်ရင်း ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းရှည်ကြီးချမိပြန်သည်။ သူ့စိတ်ထဲထင့်နေပါရက်နဲ့ လီယို့သဘောအတိုင်း ပေးလွှတ်မိတာမှားတာလား ဒါမှမဟုတ် လမ်းခရီးသွားခါနီး လီယို့ကိုအော်လိုက်မိခြင်းကမှားသွားသလား။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သူ့အမှားချည်းသာ။

သူ့မှာရှိသမျှ လူအင်အားတွေအကုန်သုံးပြီး ပေါက်ကွဲမှုဖြစ်တဲ့ပင်လယ်ကမ်းစပ်တစ်ဝိုက်ကို ပိုက်စိပ်တိုက်ပြီး ရှာဖို့အမိန့်ပေးထားပေမယ့် ​သူအခုထိစိတ်မအေးနိူင်သေး။ ဒီကိစ္စကသွေးရိုးသားရိုးမဟုတ်မှန်းသေချာနေပေမယ့် အခုချိန်မှာလီယိုရဲ့သတင်းထက် သူ့ကိုဘယ်အရာကမျှ တုန်လှုပ်နိူင်စွမ်းမရှိပေ။

ပေါက်ကွဲမှုဖြစ်တဲ့သတင်းကြားကြားချင်းမှာပဲ သက်ဆိုင်ရာအာဏာပိုင်တွေဆီဆက်သွယ်ပြီး အကြောင်းကြားထားပေမယ့် အခုချိန်ထိလီယိုနဲ့ပတ်သတ်တဲ့ သတင်းအစအနပင်မရလာသေးခြင်းမှာ သူ့ကိုများစွာသောကတိုးစေသည်။ လီယိုတစ်ယောက်ထဲရှိတဲ့အချိန်ကိုမှရွေးပြီး လုပ်ကြံတဲ့တရားခံက အတွင်းလူထဲကပဲဆိုတာ သေချာသည်။

ထိုကဲ့သို့တွေးမိတော့ တိုက်တိုက်ဆိုင်ဆိုင် လီယိုခရီးထွက်သွားချိန်နဲ့ အချိန်ကိုက်ဆိုသလို ပျောက်ချင်းမလှပျောက်သွားတဲ့အားကျန့်အကြောင်းကို သွားတွေးမိတာမို့ သက်ပြင်းအသာချရင်း ခေါင်းကိုခါရမ်းလိုက်မိသည်။ အားကျန့်က ဒီလိုမျိုးလုပ်မယ့်ကလေးမှမဟုတ်တာ။ သူဘာတွေအတွေးချော်နေပြန်တာလဲ။

Dare You Escape?[Completed]Where stories live. Discover now