Part-1(Uni+Zawgi)

572 54 11
                                    

••ရောက်ပြီလား?

အိမ်တံခါးဝရောက်ရောက်ချင်း ဝင်လာတဲ့ Messageကြောင့် Yoonji ဖုန်းကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီးseenပြလိုက်သည်...။ထို့နောက် ဖုန်းကိုဘောင်းဘီအိတ်ထဲထိုးထည့်လို့ ခြံတံခါးကိုအသာတွန်းဖွင့်သည်...။

လက်ထဲမှာ အပြည့်ဖြစ်နေတဲ့ အထုတ်တစ်ပုံကိုသယ်ချလာပြီး ခြံထဲကို ခက်ခက်ခဲခဲဝင်လာရသည်...။အိမ်ကထွက်လာတုန်းကတော့ Luggageတစ်လုံးပဲဆိုပေမယ့် လမ်းတွင် Supermarketတစ်ခုဝင်ရင်းကနေ အထုတ်များပြည့်လျှံလာသည်အထိ...။အိမ်က ကားများမအားလပ်ခြင်းကြောင့် မယူခဲ့ရခြင်းကိုနောင်တရမဆုံးပေ...။

အပျော်ခရီးထွက်သည်ဆိုသော်ငြှားတစ်ယောက်ထဲသာ လာသောသူမ​သည် မိသားစုပိုင်ဖြစ်သည့်စံအိမ်ကြီးသို့သာရောက်လာခြင်းပေ...။နောက်ဆုံးmissionကို ကောင်းမွန်သေသပ်စွာအဆုံးသတ်နိုင်ခဲ့သည့်အတွက် အဖွဲ့ချုပ်က သူမကိုဒီဇင်ဘာလ တစ်လတိတိနားခွင့်ပေးလိုက်ခြင်း...။

" အာ....ဖုန်တွေထူနေတာပဲ... "

အိမ်ထဲသို့ သော့ဖွင့်ကာဝင်ဝင်ခြင်းအလုံးလိုက်အထွေးလိုက် နှာခေါင်းထဲရောက်လာတဲ့ ဖုန်တွေကြောင့် ချောင်းကတဟွတ်ဟွတ်နှင့် ထဆိုးတော့သည်...။ဟုတ်သည်လေ...လူမနေတာလဲ ကြာနေပြီမို့ဘယ်သူကမှလည်း သန့်ရှင်းရေးလုပ်မည်မဟုတ်...။သူမတောင် ဒီကို အားလပ်ရက်နဲ့ ခွင့်ရက်တွေမှသာ လာတတ်သည်ကြောင့်...။

ပစ္စည်းပစ္စယသိပ်ပြီး များများစားစားမရှိသည့်အိမ်က သစ်သားတစ်ထပ်အိမ်​လေးဖြစ်သည်...။သယ်လာသည်များကိုအရင်နေရာချဖို့ပြင်သည်...။သူမတစ်ယောက်သာ အမြဲလာနေကြဖြစ်သည်မို့ မီးစက်တစ်လုံးကတော့ အသင့်ထားထားပြီးသား...။ဝယ်လာသည့်ဆီကို စက်ထဲဖြည့်ပြီးနှိုးရုံသာ...။လူသူဝေးသည့်နေရာပေမို့ မီးလင်းနေမှတော်ကာကြမည့်နေရာပေ...။မီးစက်ကလည်း ရေခဲသေတ္တာတစ်လုံးနှင့်မီးဖွင့်ရန်တော့ အတော်အသင့်ကိုအဆင်ပြေသည်...။

အရင်ဆုံးရေခဲသေတ္တာရှင်းရမည်...။ပြီးရင်တော့ စားစရာများကိုထည့်သင့်တာထည့်ရပေမည်...။မီးစက်အတွက်ဆီကိုတော့ အိမ်ရှင်းပြီးမှထည့်ရန်ဆုံးဖြတ်လိုက်သည်...။ဆီအနံ့စွဲသွားရင် တကယ်ကိုနေရခက်မှာမို့...။

Knock!Knock! (Complete✅)Where stories live. Discover now