Part-7(Uni+Zawgi)

177 42 14
                                    

" ဘယ်အထိသွားမှာလဲ Kim Namjoon...အဝေးကြီးလိုသေးတာလား..."

တက်လာရတဲ့တောင်ကြောက ဘယ်လောက်မှမရှိသေးပေမယ့်...ဖတ်ဖတ်မောနေတဲ့လေသံနဲ့ Snowကမေးသည်ကြောင့် ရှေ့ရောက်နေသည့် Kim Namjoonက ရပ်စောင့်နေပေးရသည်...။တောင်ကုန်းလေးက လူသူသိပ်မရောက်ဖြစ်တာကြောင့် လူသွားလမ်းရယ်လို့ မယ်မယ်ရရမရှိပဲ ဒီတိုင်း လမ်းဖောက်ကာ သွားနေရခြင်း...။တောင်ကြောက ပြေပြေလေးပေမို့ သိပ်ပြီး တက်ဖို့အားမထုတ်ရတာ ကျေးဇူးတင်ရမည်...။

" Snowရာ...ကျွန်တော်စောင့်နေတယ်လေ..."

" ပေါ်ကနေ အသံကောင်းဟစ်မနေနဲ့..အောက်ကလူကို စာနာအုံး..ဟူး..."

Snowရဲ့အနှောင့်အသွားမလွတ်တဲ့စကားကြောင့် Kim Namjoonတွေခနဲ...။Snowက ဘယ်လိုစကားတွေသွက်နေတာလဲ?

"Snowနော် တောထဲတောင်ထဲနှစ်ယောက်တည်းဆိုပြီး ဘာစကားတွေပြောနေတာလဲ? "

လေသံတိုးတိုးနဲ့မေးလာတဲ့စကားကြောင့် Min Yoongi အောက်ငုံ့ကာလမ်းလျှောက်နေရင်းကနေ ဆက်ကနဲမော့ကြည့်လိုက်တယ်...။Kim Namjoonက နှုတ်ခမ်းကြီးကိုက်ပြီး ရှက်နေတာများ မျက်နှာတောင် အနီရောင်ဘက်သန်းလုနီးနီး!!!

နှာဘူးကောင်!!!!!

"မင်း!!ပေါက်ကရတွေ ခေါင်းကထွက်နေတာ!!! နှာဘူးလိုကောင်!!! "

စိတ်ပေါက်ပေါက်နဲ့ လက်ထဲကိုင်ထားတဲ့ လက်ကိုင်တုတ်မမည်တဲ့ သစ်ကိုင်းကြီးနဲ့ကောက်ပေါက်လိုက်တယ်...။မချီးမွမ်းချင်ပေမယ့် အောင့်သက်သက်ချီးမွမ်းရအုံးမယ်...။Kim Namjoonကသူဘာနဲ့ပစ်ပစ် သူပစ်တိုင်း မထိအောင်ရှောင်နိုင်တယ်...။

"မင်းလွတ်အောင်ပြေး!!! "

လက်ညှိုးထိုးလို့ Kim Namjoonရှိရာနားပြေးတော့ Kim Namjoonက တောင်ကုန်းပေါ်ကိုပြေးတက်တယ်...။Kim Namjoonက ရှေ့ကနေပြေးနေတယ်...Min Yoongiကနောက်ကနေလိုက်နေတယ်...။သူတို့နှစ်ယောက်ကိုကြည့်ရတာ ​လိုက်တမ်းပြေးတမ်းဆော့နေသလားမှတ်ရတယ်...။

"အ!!! "

ရှေ့က ကလန်ကလားကောင်ကိုပဲ သဲကြီးမဲကြီးလိုက်နေတဲ့ Min Yoongiက ရှေ့နားမှာရှိတဲ့ ရေခဲကွက်လေးကို မမြင်မစမ်းနဲ့ တက်နင်းမိတယ်...။ဟန်ချက်မညီမှုကြောင့် မြေပြင်ပေါ်မှာ Min Yoongiက ပတ်လက်လေး...။

Knock!Knock! (Complete✅)Where stories live. Discover now