Final(Uni+Zawgi)

249 34 18
                                    

သေတ္တာလေးထဲကရလာတဲ့သော့ကိုကိုင်ကာ Yoonjiအိမ်ကိုလှည့်ပတ်ကြည့်နေမိသည်...။သော့ရှိနေတယ်ဆိုမှတော့ အခန်းရှိလို့ပဲ​မဟုတ်ပါလား...။

စာအုပ်ဟောင်းလေးကို ဖတ်ရင်းYoonjiသိလိုက်ရတာ တစ်ခုရှိသည်...။သူမရဲ့မိသားစုဝင်တစ်ယောက်ဟာ သဘာဝနဲ့လွဲမှားစွာ အချစ်ကို ကိုးကွယ်မိခဲ့သူ...။အချစ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ လိင်ခွဲခြားမှုဆ်ိုတာကို ခေါင်းထဲကထုတ်ထားခဲ့တဲ့သူ...။ဒီအချစ်အတွက်ကြောင့်နဲ့အိမ်တော်နဲ့တောင် သံယောဇဥ်ဖြတ်ကာနေနိုင်ခဲ့သူ...။

"နေပါအုံး..."

လမ်းလျှောက်ကာ အခန်းရှိမရှိ လိုက်ရှာနေရင်းနဲ့ ခြေလှမ်းတို့ရပ်လိုက်သည်...။သူမ ဒီအိမ်မှာနေလာတာ တစ်ခါနှစ်ခါမဟုတ်တော့...။ဒါကြောင့် အိမ်မှာ အခန်းရယ်လို့ သူမအိပ်ခန်းအဖြစ်သတ်မှတ်ထားသည့်အခန်းသာရှိကြောင်းသူမအသိ...။

"မဖြစ်နိုင်တာ"

ခေါင်းကိုမော့ကာကြည့်မိတော့ သူမရဲ့အခန်းတံခါး၏အထပ်ဘက်မှာ တံခါးဝှက်လေးတစ်ခု...။တစ်ခါတစ်လေတော့လည်း အလွတ်တန်းစုံထောက်လုပ်နေသည့် ကိုယ့်ကိုယ်ကို ချီးကျူးမိသည်...။

"နောက်ဆုံးတော့တွေ့ပြီပေါ့..."

ပျော်ရွှင်စွာနဲ့ လက်ဖြောက်တစ်ချက်တီးကာ စတိုခန်းထဲဝင်သွားလိုက်သည်...။ပြန်ထွက်လာတဲ့သူမလက်ထဲမှာ ခေါက်လှေကားတစ်ခုပါလာသေးသည်...။

တံခါးရဲ့အောက်တည့်တည့်မှာလှေကားကိုချပြီး တက်လိုက်ကာ သော့ကိုဖွင့်ကြည့်လိုက်တော့ အဆင်ပြေပြေပင် လွယ်လွင့်တကူဖွင့်လို့ရခဲ့သည်...။

တံခါးကိုဆွဲချလိုက်တဲ့အခါမှာ အလိုလိုထွက်လာတဲ့ခေါက်လှေကားတွေ...။တံခါးအဆုံးထိဆွဲချလိုက်ပြီးတဲ့နောက်မှာ လှေကားထစ်တွေက ကြမ်းပြင်ပေါ် ရောက်လုနီးနီး...။အသုံးပြုထားတဲ့ခေါက်လှေကားကို ဘေးနားကပ်ထားပြီး လှေကားပေါ် ဖြည်းဖြည်းချင်းတက်လိုက်သည်...။အသုံးမပြုတာကြာတဲ့လှေကားပေါ် ခြေချမိချိန်နဲ့တပြိုင်နက် တကျွီကျွီသံတွေက တဆက်တည်းကြားရသေးသည်...။

ဂရုတစိုက်နဲ့အပေါ်ရောက်အောင်တက်ကြည့်တော့ ဒါဟာ ထပ်ခိုးအလွတ်ကြီးတစ်ခုဖြစ်နေကြောင်းတွေ့ရသည်...။အမွှေးပွကော်ဇောဖြူဖြူဟာ ဖုန်တစ်ချို့ကပ်​ငြိလို့ အညိုရောင်တစ်စွန်းတစ်စမြင်နေရသည်...။အလင်းရောင်ကောင်းကောင်းဝင်နေတာက အရှေ့ဘက်ခြမ်းမှာရှိတဲ့မှန်ပြတင်းပေါက်ဆီမှ...။သူမက ဒီမှန်ကိုအလှထည့်သည်ထင်ခဲ့တာ...အမှန်က ဒီထပ်ခိုးအလင်းရအောင်ထည့်ထားတာပဲ...။

Knock!Knock! (Complete✅)Where stories live. Discover now