Part-9(Uni+Zawgi)

163 35 11
                                    

" Snowရေ...ကိုယ်ပြန်လာပြီ...အနမ်းလေးနဲ့ ကြိုဆိုလှည့်ပါအုံး..."

အိမ်ထဲဝင်လာတာနဲ့ အပေါက်အလမ်းမတည့်တဲ့စကားတွေနဲ့ Kim Namjoonက ရွှတ်နောက်နောက်...။အထုတ်တွေကို မနိုင်မနင်းနဲ့ သယ်ထားရလို့သာ ကူညီမလို့ စာရေးနေရာကသာထလာရတယ်...အပေါက်အလမ်းမတည့်တဲ့စကားကြောင့် ကူညီချင်စိတ်တောင်မရှိတော့...။

" မာဖလာလေးကိုယူလိုက်...သယ်တာက ကိုယ်သယ်ထားနိုင်တယ်..."

ဘယ်တစ်ဖက်ညာတစ်ဖက်ပြည့်နေတဲ့ အထုတ်တွေဆီလက်ကမ်းတော့ အနောက်ဆုပ်ကာ လည်ပင်းမော့ပြောလာသည်...။

" ဒူးနည်းနည်းညွှတ်လိုက်..."

"အင်း..."

ခေါင်းညိမ့်ပြကာ ဒူးကိုအနည်းငယ်ကွေးညွှတ်လိုက်တော့ Kim Namjoonရဲ့ မျက်နှာဟာ သူ့ရဲ့မျက်နှာနှင့် တစ်တန်းထဲ...။ပြုံးပြုံးကြီးနှင့် ပါးချိုင့်နှစ်ဖက်ကို ကြွားလုံးထုတ်ပြနေတာများ ပါးတွေမညောင်းဘူးလားမသိ...။

" စပ်ဖြဲဖြဲလုပ်မနေနဲ့...မာဖလာကဘယ်လိုတောင်ချည်ထားတာလဲ...ချွတ်ရခက်လိုက်တာ..."

"ရော်...ကိုယ်က ဘာလုပ်မိလို့လဲနော်...ရှက်ရမ်းရမ်းနေတာများ..."

"မင်း!!! "

"နောက်တာ..နောက်တာ...မာဖလာကတော့ ကိုယ်တကယ် ဘယ်လိုချည်မိမှန်းမသိဘူး...ကူညီပါအုံး..."

ရုပ်တည်ကြီးနဲ့ စိတ်မပါသလိုပြုမူနေတဲ့ Snowရဲ့ မြင်ကွင်းလေးက မျက်လုံးထဲမှာအေးအေးချမ်းချမ်းလေး...။နှုတ်ခမ်းကို တင်းတင်းစေ့လို့ မျက်မှောင်ကျုံ့ကာ မာဖလာကိုအာရုံအပြည့်ထည့်ထားသေးသည်....။

ဒီလိုပုံစံကို မျက်စိရှေ့ထားကြည့်နေရတာလောက် အသည်းယားစရာ ကိစ္စမရှိ...။ဪ....မေ့လို့...အသည်းယားစရာ ကိစ္စဆိုမှ...တစ်နေ့က ကိစ္စက ခေါင်းထဲကို ကတိုက်ကရိုက်ဝင်လာသည်...။

ထိုနေ့က...Kim Namjoonစိတ်ဆိုးဆိုးနဲ့...ထွက်လာတဲ့နေ့....။
-
-
-

စိတ်ဆိုးလိုက်တာ...ဒေါသတွေထွက်လိုက်တာ... ဆိုးလွန်းတဲ့ Snowကိုပဲ နာနာလေးရိုက်နှက်ဆုံးမလိုက်ရမလား?

ဒါမှမဟုတ် နှင်းခဲတုံးအရိုင်းလေးကိုသဘောကျမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဆုံးမပစ်လိုက်ရမလား?

Knock!Knock! (Complete✅)Where stories live. Discover now